အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Sunday, September 5, 2010

(ဒုက္ခသည်အများစု) ရင်ဆိုင်စရာအမေရီးကားမှာ

၂၀၀၈-ခုနှစ် ဇူလိုင်လ ၈-ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့ကို ရောက်ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပင်ပန်းခဲ့သမျှ၊ နေ့ညတွေပြောင်းလဲမှုတွေကို  အနားယူဖို့ မစဉ်းစား အားပဲ နောက်နေ့ မနက်မှာ ကေ့မန်နေဂျာဆိုတဲ့သူက လာခေါ်တာကြောင့် မူးဝေနေတဲ့ကြားကပဲ လိုက် သွားရပါတယ်။ (လေယာဉ်ပေါ်မှာ ထိုင်လိုက်ရလို့ မပင်ပန်းဘူးမထင်ပါနဲ့ တကယ်ပါ)
ကေ့မန်နေဂျာကလည်း ကျတော်တို့ဒုက္ခသည်တွေအတွက် အဓိကကျတဲ့ (ဆိုရှယ်)နဲ့ စားစရာကဒ်အမြန် ရ ရှိရေးအတွက် သက်ဆိုင်ရာရုံးတွေကို သွားရောက်ရပါတယ်။ ပင်ပန်း၊ အိပ်ရေးပျက်နေတဲ့ကြားက အရပ် ရှည်ရှည် ထောင်ထောင်မောင်းမောင်း အာဖရိကနွယ်ဖွား ကေ့မန်နေဂျာ ခြေလှမ်းကိုအမှီလိုက်ရပါတယ်။ သူကိုယ်တိုင်က တချိန်တုန်းက ဒုက္ခသည်ပါလို့ မိတ်ဆက်ဖူးတော့ ဘယ်ဟာတွေက ပိုအရေးကြီးတယ်ဆို တာ သူကပိုသိမှာပါလို့ စိတ်ထဲတွေးရင်း သူ့ကိုမှီအောင်လိုက်ရပါတယ်။ ကျတော်တို့နဲ့အတူ အီရတ်နိုင်ငံ ကနေ အသစ်ရောက်လာတဲ့ ဒုက္ခသည်သားမိလည်း အပြေးတစ်ပိုင်းနဲ့ သူ့နောက်လိုက်နေရပါတယ်။ လို  အပ်ချက်တွေအားလုံး အဆင်ပြေနိုင်ဖို့ အိုင်အိုအမ်ကပေးလိုက်တဲ့ အိုင်အိုအမ်တံဆိပ်နဲ့ အိတ်ထဲက သူလို အပ်တဲ့အချက်အလက်တွေ၊ ဖြည့်စွက်နိုင်ဖို့အတွက် သူ့ကိုပေးလိုက်ပါတယ်။ မနက်၈-နာရီကျော်ကနေ ည နေပိုင်းမှ အားလုံးပြီးသွားတဲ့အခါ ဒုက္ခသည်တွေကို ကူညီတဲ့ သူရုံးထိုင်တဲ့ နေရာကိုပြန်ခဲ့ပါတယ်။ ပင်ပန်း နေကြတဲ့အတွက် ကျတော်တို့နေတဲ့ အပါ့မန့်ကို ပြန်ပို့ပေးပါတယ်။ နောက်နေ့မနက်မှာ သူလာကြိုမှာ ဖြစ်တဲ့အတွက်  အဆင်သင့်စောင့်နေဖို့လည်း မှာလိုက်ပါသေးတယ်။ နောက်နေ့မနက်စောစောမှာ သူ့ ကားနဲ့ အ တူလိုက်သွားပြီး ရုံးမှာအလုပ်ရှာဖို့ အဓိက တာဝန်ယူထားတဲ့ သူနဲ့မိတ်ဆက်ပေးပါတယ်။ အဲ့ဒီ လူက ထိုင်းမှာ နေတုန်း ဘာတွေလုပ်ဖူးလဲ၊  အလုပ်နဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံတွေရှိလဲဆိုတာကို မေးမြန်းပြီး လုပ်ခဲ့ဘူးတဲ့ အလုပ်နဲ့ပတ်သက်တာတွေကို စစ်ဆေးပါတယ်။ ထိုင်းမှာ လက်သမားလုပ်ခဲ့ဖူးတာ လို့ ပြောခဲ့မိတာကြောင့်၊ လွှ၊ တူ စတာတွေကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ စသဖြင့်မေးမြန်းပါတယ်။ တကယ်တော့ ကျတော်က ဒုက္ခသည်မှာနေတုန်းက အမေရိကန်နိုင်ငံကိုသွားရမဲ့ သူတွေအတွက် ယဉ်ကျေး မှုသင်တန်းတက်ဖို့ အဆောင်ဆောက်တုန်းမှာ တစ်လလောက်လုပ်ခဲ့ဖူးတာကို ပြောမိခြင်းဖြစ်ပါတယ်။ တ ကယ်တော့ ကျတော်က လက်သမားမလုပ်တတ်ပါဘူး။ တချို့သူငယ်ချင်းတွေသိမှာပါ။ အဲ့ဒီလိုနဲ့ လိုအပ် တာတွေမေးမြန်းပြီးတဲ့အခါ ဒုက္ခသည်တွေ အလကားတတ်ဖို့ စီစဉ်ထားတဲ့ ကျောင်းမှာ မတတ်မနေရ တတ် ဖို့လည်း ပြောပါသေးတယ်။ ပြီးတော့ အမေရိကန်ကို ရောက်ရောက်ခြင်း ကူညီငွေ(တချို့က welcome money လို့လည်းခေါ်ပါတယ်) ဒုက္ခသည်တစ်ယောက်ကို ဒေါ်လာ (၄၂၅)စီရတဲ့ ခံစားခွင့်အကြောင်းလည်း ရှင်းပြပါတယ်။ (မိမိရောက်တဲ့ ပြည်နယ်တွေနဲ့ ငွေအမောက်တွေကွာနိုင်သလို စီးပွားရေးလောကသုံးစကား အတိုင်း ဈေးအတက်အကျက အချိန်နဲ့ တပြေးညီကွာခြားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ ရောက်တဲ့သူတွေဆိုရင် ဒေါ်လာ (၁၁၀၀)စီရကြပါတယ်။ ကုန်ဈေးနှုန်းတွေမြင့်လာတာလည်းပါမှာပါ)။

Sunday, August 22, 2010

ကရင့်ရိုးရာ လက်ချည်ပွဲတော်


အခုလို နွေရာသီရဲ့ တနင်္ဂနွေနေ့လေးမှာ အခြေနေမျိုးစုံနေရာပေါင်းစုံကနေ တိုင်းရင်းသားကရင်လူမျိုးတွေ အပါအ၀င် လူမျိုးပေါင်းစုံမြန်မာနိုင်ငံသားတွေဟာ မိမိတို့ရောက်နေတဲ့ နေရာနဲ့ ပေးတဲ့အခြေနေလေးတွေကို တန်ဖိုးထားရုန်းကန်ရင်း တဖက်ကလည်း ရိုးရာယဉ်ကျေးမှုလေးတွေကို အခုလို အမေရိကန်မှာရောက်နေကြတဲ့ နောင်လာနောင်သားတွေ သိစေဖို့နဲ့ ရိုးရာအမွေတွေကို တန်းဖိုးထားထိန်းသိမ်းနိုင်စေရန် မြင့်မားတဲ့ရည်ရွယ်ချက်တွေနဲ့ အခုလိုကရင့်ရိုးရာလက်ချည်ပွဲကို ဆင်နွဲကျင်းပနေပုံလေးက သက်သေထူနေပါတယ်။ တိမ်တွေကင်းစင်ပြီး အပြာရောင်မိုးကောင်းကင် အောက်မှာ အမေရိကန်၊ ကော်လိုရာဒိုပြည်နယ်ရောက် ကရင်မိသားစုများကြီးမှူးကျင်းပတဲ့ ရိုးရာ လက်ချည်ပွဲလေးကတော့ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
ဒင်ဘာမြို့ လော်ရီပန်းခြံရဲ့ ဒီနေ့မနက်ခင်းလေးဟာ အရမ်းကိုသာယာလှပသလို အသီးသီး၊ တဖွဲဖွဲရောက် လာကြတဲ့ ကရင်မိသားစုတွေကလည်း အမိတိုင်းပြည်မှာသာ အခုလိုပွဲတော်မျိုး ကျင်းပနိုင်ခဲ့မယ်ဆိုရင် အရမ်းကိုပျော်ဖို့ကောင်းမှာပဲလို ပြောဆိုသံတွေရှိသလို အလုပ်မအားတဲ့ကြားက အခုလိုပွဲဖြစ်မြောက်အောင် ဦးစီးကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်နေကြပါတယ်။ အားလုံးရဲ့တူညီတဲ့ အပြုံးပိတိတွေကတော့ တခြားတိုင်းပြည်မှာရောက်နေပေမဲ့ ကိုယ့်ရဲ့ရိုးရာပွဲလေးကို ကျင်းပနိုင်လို့ ကြည်နူးနေကြတယ်ဆိုတာ သိနိုင်ပါတယ်။

ရိုးရာမပျက်တဲ့ အပြင်အဆင်တွေနဲ့ လက်ချည်ပွဲအတွက်
အခုလို  ပရိတ်သတ်၊ ပွဲတော်ဦးစီးကျင်ပတဲ့ တာဝန်ရှိသူတွေ
အခန်းအနားကို သေချာစွာဖြင့် အခုလို  အခန်းနားမှူးများနှင့်
လက်ချည်ပွဲနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို အခုလိုရှင်းပြ
လက်ချည်ပွဲနဲ့ပတ်သတ်ပြီး လူကြီးတွေက ရိုးရာဓလေ့တွေကို လူငယ်တွေကိုလက်ဆင့်ကမ်း
လူကြီးတွေလက်ချည်ပေးပြီးတဲ့နောက် လူငယ်တွေနဲ့ ပရိတ်သတ်တွေလည်း ရိုးရာအတိုင်း ဆက်လက် ပြီး လက်ချည်ပွဲကို ဆင်နွဲကြပါတယ်။
အခုလိုပရိတ်သတ်စုံလင်စွာဖြင့်
အခုလိုလည်း အဆိုအကများနှင့် ပရိတ်သတ်များကိုတင်ဆက်သလို
အစားအသောက်တွေနဲ့ တည်ခင်းကျွေးမွေးပြီး ညနေပိုင်းထိ ပျော်ပျော်ရွှင်ရွင် ဆင်နွဲကြပါတယ်။
ဒီနှစ်ဟာ သုံးနှစ်မြောက်ဖြစ်ပြီး သေသေချာချာစီစဉ်နိုင်ခဲ့ကြောင်း၊ အရင် နှစ်ကြိမ်တုန်းက အဆင်ပြေတဲ့ နေရာလေးမှာပဲ လူနည်းစုနဲ့ကျင်းပနိုင်ခဲ့ပေမဲ့ ဒီနှစ်ကိုပိုအားရကြောင်း ဒါပေမဲ့ ဒီပွဲဟာ ရှေးခေတ်ကရင် ဘိုးဘွားတွေ လက်ထက်ထဲက နှစ်ပေါင်းများစွာ ကျင်းပလာတာဖြစ်တဲ့အတွက် ကရင်အားလုံးနဲ့ သက် ဆိုင်ပြီး ကရင်လူမျိုးတွေအားလုံး စိတ်တူကိုယ်တူ တက်ညီလက်ညီ အခုထက်ပိုပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ နောင်နှစ်မှာ ပိုမိုကြိုးစားရမယ်လို့လည်း ပွဲစီစဉ်သူကပြောပါတယ်။
ကော်လိုရာဒိုပြည်နယ်မှာ ပြောင်းရွှေ့အခြေချလာသူ ကရင်လူမျိုးအားလုံး တစ်ထောင်နီးပါခန့်ရှိပြီး ဒီနေ့ပွဲလေးကိုတော့ လူပေါင်းသုံးရာကျော်လောက် လာရောက်ဆင်နွဲတာတွေ့ရပါတယ်။

Sunday, August 8, 2010

နို့ဖိုးဒုက္ခသည်စခန်းမှ ဘန်ကောက်လေဆိပ်သို့

ဇူလိုင်လဆန်းရဲ့ တခုတည်းသော ညနေလေးမှာ နို့ဖိုးဒုက္ခသည်စခန်းက လူတချို့ အမျိုးမျိုးသော်မျှော်လင့်ချက်တွေနဲ့ မနက်ဖြန် ဇူလိုင်လ (၃)ရက်နေ့မှာ တတိယနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဆိုတဲ့ တိုင်းပြည်ဆီကိုထွက်ခွာဖို့ အဆင်သင့် မျှော်လင့် စောင့်စားလျှက်ရှိနေကြပါတယ်းးးးးးးးးးးးးးး
မနက်စောစော အိပ်ယာ နိုးနိုင်ဖို့အတွက် ညထဲက လိုအပ်တာတွေပြင်ဆင်ရင်း နို့ဖိုးဆိုတဲ့ ဒုက္ခသည်စခန်းလေးရယ် မိမိရဲ့ တစ် နှစ်ခွဲတာကာလအထိ အပူအအေးဒါဏ်အားလုံးကို ကာကွယ်ပေးခဲ့တဲ့ သစ္စာအပြည့်နဲ့ အင်ဖက်မိုးအိမ်သေးသေးလေးရယ်၊ ထွက်အား ကောင်းလှတဲ့ ဗူးစင်လေးရယ် သံယောဇဉ်တွေအပြည့်နဲ့ ဒုက္ခသည်ဘ၀မှာ ဆိုးတူကောင်းဘက် လက်တွဲဆုံခဲ့ရတဲ့ သူငယ်ချင်းတွေကို နှတ်ဆက်ရတော့မယ်ဆိုတဲ့ အသိက ရင်ထဲမှာ လွမ်းဆွတ်သလိုခံစားမိလာသလိုးးးးးးးးးးးးးးတဖက်မှာလည်း အနာဂါတ်မျှော်လင့်ချက် အတ္တတွေအတွက် ရှင်သန်ရအုံးမယ်ဆိုတဲ့ လောဘနဲ့ လောကပါလတရားကို မျှတစွာခံစားရင်းးးးးးးးးးးးးးး

Saturday, July 24, 2010

အမှောင်ဆည်းဆာ


အိမ်ရှေ့က ချောင်းရေက မြင်းရိုင်းတစ်ကောင်မာန်ဟုန်ပြင်းစွာ ခုန်ပေါက်ပြေးလွှားနေသလား ထင်ရလောက် အောင် ကြမ်းတမ်းနေတယ်လို့ စိတ်ထဲ အလိုလို ထင်လာမိပါတယ်းးးးး နေ့လည်ကဖြစ်ပျက်ခဲ့တဲ့ မယုံနိုင်စရာ မြန်ဆန်လွန်းတဲ့ အခြေနေတွေကို ထိုင်စဉ်းစားရင်းးးးးမြေးလေးနှစ်ယောက် ထမင်းစားနေတဲ့ ထမင်းဝိုင်းထဲက ငါး ပိရည်၊ တို့စရာနဲ့ ငါးအချဉ်ဟင်းလေးကို ခပ်လှမ်းလှမ်းကနေငေးကြည့်နေရင်းးးး ဒီလိုအချိန်ဆို ကျမတို့ရွာလေး မှာ မြို့ကတက်လာမဲ့စက်လှေ၊ လက်ထိုးလှေ၊ အတက်အဆင်းလူတွေနဲ့ စည်ကားနေမဲ့ အိမ်ရှေ့ချောင်းကမ်းနား လေးဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်လို့းးးးး ထိုင်စဉ်းစားနေတုန်းမှာပဲ သူကြီးကိုဟန်တင်ရဲ့ သမီးကြီးက " ကြီးကြီး ဖေဖေခေါ်နေတယ် အခုချက်ခြင်းလာခဲ့ပါ " ဆိုတဲ့ စကားကြောင့် အတွေးစကိုဖြတ်ပြီး လာခေါ်တဲ့ကလေး မလေးနဲ့ အတူ လိုက်သွားခဲ့ပါတယ်။
ကျမထင်ထားတဲ့အတိုင်းပဲ ရွာသူကြီးရဲ့ အိမ်ပေါ်မှာ အာရ်မီရန်မ် ပုလင်းသုံးလုံးထောင်ပြီး စစ်ကြောင်းမှူး၊ တပ်ခွဲ မှူး၊ ထောက်လှမ်းရေးမှူးဆိုသူတို့ ၀ိုင်းထိုင်သောက်နေတာ တွေ့ရပါတယ်။ ဘယ်လောက်သောက်ထားသလဲဆို တာ သူတို့ရဲ့နီရဲနေတဲ့ မျက်နှာနဲ့ မျက်လုံးတွေက သက်သေထူနေပါတယ်။ စစ်ကြောင်းမှူးလုပ်သူက နေ့လည် ကခင်ဗျားကြီးအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘာငြင်းချင်သေးလဲလို့မေးတော့းးးးဘယ်ငြင်းနိုင်မှာလဲကျမတို့ ရွာက အမဲရောင်ရွာအဖြစ်သတ်မှတ်ခံထားရတဲ့ ရွာလေးးး တောထဲက သူပုန်တွေ၊ နအဖစစ်ကြောင်းတွေ ၀င် ထွက် သွားလာလှူပ်ရှားနေတဲ့ ရွာလေးဖြစ်နေလို့ပါပဲ။

Monday, July 5, 2010

အမည်မသိလိုက်တဲ့ ဝေဒနာ


ခေါင်းစဉ်လေးကို ဖတ်ပြီးတမျိုး မတွေးလိုက်ပါကြပါနဲ့ အဲ့ဒီနေ့က ၀၆-၂၆-၂၀၁၀ စနေ့မနက်ခင်းလေးတစ်ခု အင်မတန် မင်္ဂလာရှိတဲ့ မနက်ခင်းလေးပါ တင်စားလို့မနိုင်အောင်ပါပဲ။ ကျမတို့ပြည်နယ်က စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲကြီးပါ။ အဲ့ဒီပွဲကြီးဖြစ်မြောက်ဖို့ ကျမတို့ပြည်နယ်က မြန်မာဘုန်းကြီးကျောင်း ကျောင်း ထိုင်ဆရာတော် အရှင်စန္ဒိမာ၊ ဂေါပကအဖွဲ့က တာဝန်ရှိသူများကနေ အစိုးရဌာနအသီးသီးကို သွားပြီးခွင့်ပြု ချက်ရဖို့ ပင်ပင်ပန်းပန်းကြိုးစားပြီး ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အခုလို စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင် ၀တ်ပွဲကြီးကို ကျမတို့ပြည်နယ်မှာရှိတဲ့ မြန်မာနိုင်ငံသား ညီအကိုမောင်နှမများအားလုံး စည်းစည်းရုံးရုံးနဲ့ သိပ်ကို မိသားစုဆန်စွာ ကြိုးစားကြတဲ့အတွက် အောင်မြင်မှု့ အသီးအပွင့်ကို ပီတိအပြည့်နဲ့ ခူးဆွတ်နိုင်ခဲ့ပါတယ်။ ပြည် ပနိုင်ငံမှာ ဒီလိုမျိုး စည်စည်ကားကားနဲ့ မြို့ထဲမှာ ရဟန်းခံ၊ ရှင်လောင်းလှည့်ဖို့ဆိုတာ လွယ်တာတော့ မဟုတ် ပါဘူး။ မထင်မှတ်ထားတာတွေ မြင်လိုက်ရတော့ ကျမအံသြမိပါတယ်။ နိုင်ငံခြားမှာ အလုပ်အားဖို့၊ အချိန်ပေး နိုင်ဖို့၊ စုစည်းနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ တကယ်လည်းလက်တွေ့ကျတော့ မြန်မာဟာ မြန်မာပါပဲ။ ဘယ်နေ ရာရောက်ရောက် အမျိုး၊ ဘာသာ သာသနာကိုချစ်တယ်ဆိုတာ ပြလိုက်ကြတာ အားရစရာပါ။ မြို့ထဲကို ရဟန်း ခံ၊ ရှင်လောင်းကားကြီးတွေ လှည့်တော့ အတန်းလိုက်ကြီး မြင်လိုက်ရတယ်။ တာဝန်ရှိမြို့နယ်ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးအဖြစ် လိုက်ပါစောင့်ရှောက်ပေးကြပါတယ်။ လမ်းသွယ်လေးတွေတိုင်းလည်း ရဲတွေက ရပ်စောင့်ပေး ကြပါတယ်။ အဲ့ဒီလိုပဲ ဓါတ်ပုံ ဗွီဒီယိုရိုက်တဲ့ ညီအကိုတွေကလည်း အပြေးလေးတမျိုး၊ စက်ဘီးလေးနဲ့တမျိုး မှတ် တမ်းဓါတ်ပုံ လိုက်ရိုက်နေတာကို ကြည့်မနေနိုင်တဲ့ အကိုတွေကလည်း ကားနဲ့လိုက်လိုက်ခေါ်ပေးကြပါတယ်။ တမိထဲမမွေးကြပေမဲ့ အဝေးရောက်မှောင်နှမများဟာ ခင်ရာဆွေမျိုးတွေပါပဲ။ အဲ့ဒီနေ့က ကျမကိုယ်တိုင်အပြေး တစ်ပိုင်းနဲ့ပါ ဒါပေမဲ့ ပီတိတွေနဲ့ပြည့်နေတဲ့ ကျောင်းထိုင်ဆရာတော်၊ ညီအစ်ကိုမောင်နှမတွေရဲ့မျက်နှာတွေကို တွေ့လိုက်ရတော့ မမောနိုင်မပန်းနိုင်ပါပဲ။ ကျမက ဓါတ်ပုံရိုက်ချင်တော့ ပထမဆုံးကားနဲ့လိုက်ပါတယ်။ ကျောင်း တိုင်ဆရာတော်စီးတဲ့ကားဖြစ်ပြီး ဘုရားဆင်းတုတော်တင်တဲ့ကားပါ။ ဘုရားဆင်းတုတော်ကို ကားခေါင်မိုးပေါ် တင်ထားပါတယ်။ စောင်လျှောက်ထိန်းပေးတဲ့သူနဲ့ နတ်သမီးလေးတွေလိုဝတ်ဆင်ထားပြီး လိုက်ပါတဲ့ ညီမလေး နှစ်ယောက်လည်း အပါအ၀င်ပေါ့။ မြို့ထဲလှည့်ချိန်မှာ ကျမမြင်လိုက်ရတာကတော့ ဘုန်းဘုန်းရဲ့အပျော်ပီတိ လေးပါ။ လမ်းမှာစောင့်နေတဲ့ တာဝန်ရှိရဲတွေ ကျမတို့ရဲ့ ရှင်လောင်းလှည့်တဲ့ ကားတန်းကြီးလမ်းဘေးကနေ အားပေးနေတဲ့ အင်္ဂလိပ်လူမျိုးတွေကို ပြုံးပြီးတလမ်းလုံး လက်ပြနှုတ်ဆက်နေတဲ့ ဘုန်းဘုန်းကိုကြည့်ပြီး ကျမ မျက်ရည်တောင် ကျမိပါတယ်။ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ အဲ့ဒီအခိုက်အတန့်လေးမှာ ကျမတွေး လိုက်မိတာက မြန်မာပြည်ရယ်၊ ကိုယ့်ဆွေမျိုးသားချင်းနဲ့ မိသားစုတွေကို သိပ်ပြီးလွမ်းမိသွားပါတယ်။ ဆရာ တော်ဘုရားရဲ့ စေတနာတရားကိုလည်း သာဓုခေါ်မိပါတယ်။ ရေမြေခြားမှာ ခုလိုမြန်မာ့ယဉ်ကျေးမှု၊ ဘာသာတ ရားကိုင်ရှိုင်းမှု၊ ချစ်ခင်ဖွယ် မြန်မာနိုင်ငံသားများရဲ့ စည်းလုံးမှု့၊ စိတ်ဓါတ်နဲ့ အင်အားဟာ တစ်သားထဲထပ်တူပြ ခွင့်ရအောင် ကြိုးစားပေးခဲ့ကြတဲ့ ကျမတို့ပြည်နယ်က ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ နှင့်ကပိယ ဒကာ၊ ဒကာမများ၊ ကြွရောက်ချီးမြှင့်ကြတဲ့ တခြားပြည်နယ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံမှ ကြွရောက်တော် မှု လာကြတဲ့ ဆရာတော်ကြီးများအား အလွန့်အလွန်ကျေးဇူးတင်ရှိပါကြောင်း။

နတ်လူသာဓုခေါ်စေသောဝ်၊

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ
 ***မဒမ်ပေါ်လာ***

Monday, June 28, 2010

ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်ပွဲ

ရဟန်း (၇)ပါး၊ ကိုရင်(၄)ပါး၊ သီလရှင် (၈)ပါး ဒင်ဘာမြို့ ရဟန်းခံရှင်ပြု၊ သီလရှင်ဝတ်ပွဲကို ဇွန်လ (၂၇)ရက်နေ့ စနေ နေ့မှာ ဆံချ သိမ်တက် ခြင်းများပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံက ဆရာတော်များ၊ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်တချို့မှ ဆရာတော် သံဃာတော်များမှ ကြွရောက်ချီးမြှင့်ပါသည်။
ဆရာတော် ဘုရားများအား တကာတဒါမများမှ အာဂုဏ်ဆွမ်းဆပ်ကပ်လှူပါသည်။

ရဟန်းလောင်း၊ ကိုရင်လောင်း၊ သီလရှင်လောင်းများနှင့် ဓမ္မပါလကျောင်းရှေ့ အမှတ်တရ
ရှင်လောင်းလှည့်လည်အပြီး အောင်မြင်သည်အထိမ်းအမှတ်ဖြစ် ပေါက်ပေါက်နှင့်ပိုက်ဆံကြဲဆင်နွဲကြပါတယ်။
အခုလို ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် စီတန်းလှည့်လည်ပွဲကို ကော်လိုရာဒိုပြည်နယ်ဒင်ဘာမြို့မှာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ရဟန်းလောင်းများတင်ဆောင်ထားသောကား ဖြစ်ပါတယ်။ ရာသီဥတုက မိုးရွာမလို ခြိမ်းခြောက်နေပေမဲ့ ဗုဒ္ဓမြတ်စွာတရား တော်ရဲ့ တန်ခိုးတော်ကြောင့် အောင်မြင်စွာစီတန်းလှည့်လည်နိုင်ခဲ့ပါတယ်။
အခုလို ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် စည်းကမ်းတကျရှိဖို့ ဦးဆောင်စီစဉ်ပေးတာကြောင့်လည်း အောင် မြင်မှု တရပ်ဖြစ်ပါတယ်။


လမ်းဆုံတိုင်းမှာလည်း ရဲဝန်ထမ်းတွေက စောင့်ကြပ်ပေးခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့မှာ ပထမဆုံး အကြိမ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေကြားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

Sunday, June 20, 2010

အဖေ




၁။ ကျတော်ရောက်နေတဲ့ နေရာမှာက ဒီနေ့ကို အဖေများနေ (Father's Day) အဖြစ်သတ်မှတ်ကြပြီး သားသမီး တွေနဲ့ ဇနီးမယား အိမ်သူသက်ထားတွေက အဖေတွေကို အမှတ်တရလက်ဆောင်ပေးခြင်း၊ ထမင်းလက်ဆုံ စားခြင်းစတဲ့ အမှတ်တရပွဲလေးတွေ လုပ်တာတွေ့ရပါတယ်။ ကျတော်လည်း အဖေနဲ့ပတ်သက်တဲ့ အမှတ်ရ လေးတွေကို ရေးချင်လာမိပါတယ်။ အမှန်တိုင်းဝန်ခံရရင် ကျတော်ဟာ အနန္တမေတ္တာရှင်၊ မြင့်မိုရ်တော်ကြီး အဖေရဲ့ပုံဟာ ဘယ်လိုလဲဆိုတာ ကောင်းကောင်း မမှတ်မိနိုင်လောက်အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျ တော် အသက် (၁၂) နှစ်ကျော်မှာအိမ်က ထွက်လာလိုက်တာ အခုထိပါပဲ။



အဖေနဲ့ ပတ်သက်ပြီး ငယ်ဘ၀ အမှတ်တရလေးကို ပြန်စဉ်စားမိတော့

နွေနှောင်းကာလ ညနေပိုင်းလေးမှာ အမေဈေးကပြန်လာပြီး မနက်ဖြန်အုန်းထမင်းလေး စားချင်လိုက်တာလို့ အဖေ့ကိုပြောနေတာ ကျတော်ကြားလိုက်မိပါတယ်။ နောက်နေ့ အမေက ဈေးဆိုင်ထွက်သွားပါတယ်။ စနေနေ့ ဖြစ်တဲ့အတွက် ကျတော်နဲ့ ညီလေး၊ ညီမလေး အဖေတို့ပဲအိမ်မှာ ကျန်ခဲ့ပါတယ်။ အဖေက ပေါ်လာမင်းအမေ အုန်းထမင်းချက်စားချင်တယ်လို့ အဖေ့ကိုမှာထားတယ်။ အပင်ပေါ်မှာ အုန်းသီးခြောက်တွေရှိတယ် တက်ခူးပေး ပါလို့ ခိုင်းပါတယ်။ အုန်းပင်တွေအများစုက တက်လို့လွယ်ကူအောင် အထစ်လေးတွေလုပ်ထားတော့ လွယ်ကူ စွာတက်ခူးနိုင်ပါတယ်။ ကျတော်လည်း မတက်ပေးနိုင်တဲ့အကြောင်းငြင်းလိုက်တာကြောင့် အဖေက ဒါဆိုလည်း မင်းမတတ်ပေးတော့ ငါပဲတတ်မယ်ဆိုပြီး အုန်းပင်ပေါ်ကို တက်ဖို့ပြင်ပါတယ်၊ အမှန်ဆိုရင် အဖေဟာ အုန်းပင် ရဲ့ထိပ်ပိုင်းထိအောင် တတ်ဖို့ မလွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေတော့ အပင်ရဲ့တ၀က်ကိုတက် အုန်း သီးခြောက်တွေကို ၀ါးတုတ်နဲ့ထိုးချဖို့ စဉ်းစားပြီး ၀ါးကိုလည်းအုန်းပင်ဘေးမှာ ကပ်ထောင်ထားပါတယ်။ ကျ တော်လည်း အိမ်ဘေးမှာ ညီမလေးတွေနဲ့ ကစားနေရင်း အဖေက အုန်းပင် အထစ် (၇) ထစ်လောက်အရောက် မှာ ၀ါးလုံးကိုယူပြီး အပင်ပေါ်က အသီးတွေကို ထိုးချနေပါတယ်။ အုန်းသီးနှစ်လုံးလောက်ဟာ ပုံမှန်အတိုင်း ကျ လာပေမဲ့ သုံးလုံးမြောက်မှာတော့ အုန်းသီးဟာ အဖေရဲ့ ခေါင်းတည့်တည့်ကို ကြလာပါတော့တယ်။ အဖေလည်း နာကျင်တဲ့အတွက် တအားအော်လိုက်သလို အုန်းပင်ရဲ့ ပင်စည်ပိုင်းကိုလည်း သတိကြီးစွာနဲ့ ဖတ်ထားပါတယ်။ အဖေ့ရဲ့ အော်သံကိုကြားတာနဲ့ ကျတော်လည်း အုန်းပင်ပေါ်ကိုတက်ပြီး အဖေ့ရဲ့ခြေထောက်လေးကိုကိုင် ပြီးရင် သတိထားဖို့ ဖြည်းဖြည်းချင်းဆင်းဖို့ သတိပေးရပါတယ်။ ကျတော်ကိုယ်တိုင်လည်း အရမ်းကို စိုးရိမ်ထိန့် လန့်သွားပါတယ်။ နောက်ဆို ကျတော်လည်း အဖေက အုန်းသီးစားချင်တယ်ဆိုတာနဲ့ အဆင်သင့်ဖြစ်နေပါ တော့တယ်။ အဲ့ဒီနေ့ညနေ အမေသိပ်စားချင်တဲ့ အုန်းထမင်းတနပ်ကို အဖေဟာ နေ့လည်တုန်းက အုန်းပင် ပေါ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေမေ့ပြီး လက်ဆုံစားနေတဲ့ ပိတိမျက်နှာလေးဟာ ခုထိတော့ ကျတော့အတွက် အ မှတ်ရနေဆဲပါ။


၂။ အဖေက တကယ်တော့ ယမကာကို စွဲစွဲလန်းလန်းကို ကြိုက်တဲ့သူပါ။ ထူးခြားတာက အဖေဟာ ဘယ်တော့ မှ တစ်ယောက်ထဲ မသောက်တတ်သလို သောက်တော့မယ်ဆိုလည်း အဖေါ် အပေါင်းအသင်းလေးနဲ့သောက် ရမှ ကျေနပ်သူပါ။ အစ်မနှစ်ယောက်က အပျိုရွယ်လေးတွေဖြစ်လာတော့ အဖေ အဲ့ဒီလို အဖွဲ့နဲ့ဆိုင်မှာသွား သောက်တာကိုလုံးဝ မကြိုက်ပါဘူး။ သူတို့က အဖေ့ကိုတောင်းဆိုပါတယ် သောက်ချင်တယ်ဆိုရင် အိမ်မှာပဲ သောက်ဖို့နဲ့ အဲ့ဒီအတွက် လိုအပ်တဲ့ ယမကာကို ကျတော့ကို အ၀ယ်တော်အဖြစ်တာဝန်ပေးသလို အမြည်း တွက်လည်းသူတို့က တာဝန်ခွဲယူပါတယ်။ အဖေက အဲ့ဒီအစီစဉ်ကို တပတ်လောက်ပဲခံပြီး နောက်ပိုင်းပုံမှန်ပဲ ဆိုင်မှာ သူ့သူငယ်ချင်းတွေနဲ့ သောက်တဲ့အလုပ်ကို ပြန်လုပ်ပါတယ်။ အားလုံးလဲ လက်လျော့လိုက်ရတဲ့အထိပါ ပဲ။ သူဘယ်လောက်မူးပြီး ပြန်လာပြန်လာ အမေ့ရဲ့ ခိုင်းစေမူစကားကိုတော့ မြေ၀ယ်မကျနားထောင်တာကို ကြည့်ယုံနဲ့ အမေ့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒီလိုနဲ့ မိုးဦးကာလ ညနေလေးမှာ အမေ ဘေးအိမ်က ဦးမောင် မှိုတွေအများကြီးရလာတာတွေ့ပြီး ပါးစပ်ကလည်း မှိုစင်းကောလေး စားချင်လိုက်တာလို့ ငြီးလိုက်ပါတယ်။ အသံကိုလည်း အဖေသတင်းစာဖတ်နေတဲ့ ပလက်ကုလားထိုင်ကနေ ကြားအောင်ပြောလိုက် တာလည်းဖြစ်ပါတယ်။ အဖေက ဘာတစ်ခုမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက်နေ့မနက်စောစော လေးနာရီ ခွဲလောက်မှာ အဖေက သားပေါ်လာထလေကွာ အဖေတို့ရော်ဘာတောထဲသွားရအောင်လို့ နိုးပါတယ်။ ဒီ လောက်အစောကြီး ဘာသွားလုပ်မှာလဲ မထချင်ဘူးလို့ပြောတော့ မင်းအမေညနေတုန်းက မှို စင်းကောစားချင် တယ်လို့ပြောတာ သားမကြားဘူးလားတဲ့။ အမှန်တော့ ကျတော်လည်းကြားလိုက်ပါတယ်။ အဲ့ဒါသားနဲ့ဘာဆိုင် လို့လဲ မေးလိုက်တော့ ဆိုင်တာပေါ့ကွ သားဟာ အဖေ့ရဲ့ ဒီအိမ်မှာ အဓိက လက်တွဲဖေါ်လေးကွာဆိုတဲ့ စကား နဲ့ပဲ ကျတော်လိုက်သွားဖို့ ပြင်ရပါတော့တယ်။ ကျတော်အ၀တ်အစားလဲပြီး အိမ်အောက်ကိုဆင်းတော့ အဖေ က စက်ဘီးထုတ်ထားပြီးသား အဆင်သင့်ဖြစ်နေပြီ။ ကျန်တဲ့မိသားစုတွေကတော့ အိပ်မောကျနေတုန်းပါပဲ။ ရပ် ကွပ်ထိပ်က ဘီးမုန့်ဆိုင်ရှေ့မှာ စက်ဘီးခဏရပ်ပြီး မနက်အဆာပြေအတွက် ဘီးမုန့်တစ်ကျပ်တန် တခုကို သားဖနှစ်ယောက် အဆာပြေစားပြီး၊ တခြားသူတွေ မရောက်ခင် ရော်ဘာတောထဲ ရောက်ဖို့ အဖေစက်ဘီး ကို ခပ်မြန်မြန်လေးနင်းပါတယ်။ ကျတော်တို့ရပ်ကွက်နဲ့ ရော်ဘာတောက နာရီဝက်ကျော်ကျော်လောက် နင်းရပါ တယ်။ စက်ဘီးကို အဆင်ပြေတဲ့နေရာမှာ ထားခဲပြီး သားဖနှစ်ယောက် မှိုရှာထွက်ပါတော့တယ်။ အိမ်က အဆင် သင့်ယူလာတဲ့ ဆွဲခြင်းအနီလေးရယ် အဖေ့ရဲ့ပုဆိုးအဟောင်းလေးကို စလွယ်သိုင်းပြီးတော့ စတိုးပါတယ်။ ခဏ နေတော့ အဖေက သိပ်ဝေးဝေးမသွားပဲ ခပ်နီးနီးပဲခွဲတိုးဖို့ ပြောပါတယ်။ မိုးမလင်းသေးတာကြောင့် ကျတော် လည်း အဖေ့ဘေးနားကပဲ ကပ်လိုက်ပါတယ်။ အဲ့ဒီနေ့က တွေ့လိုက်တဲ့မှိုတွေ၊ ဆွတ်လိုက်ရတဲ့မှိုတွေ ဆွဲခြင်း လည်းပြည့် အဖေ့ပုဆိုးလည်းမဆံ စက်ဘီးလက်ကိုင်မှာလည်း နှစ်ဖက်စလုံးအတွဲလိုက် ဒီလောက်များတဲ့မှိုတွေ အပြန်လမ်းမှာ တွေ့တဲ့သူတွေ တောင်းဝယ်တာတောင် အဖေကမရောင်းပဲ အိမ်ရောက်တော့ မှိုရတဲ့ အဖေ့ရဲ့ ပြုံးချိုချို မျက်နှာနဲ့ သူ့ကိုချစ်ပြီး သူဖြစ်ချင်တာတွေကို အမြဲတမ်းဖြည့်ဆည်းပေးတဲ့ ယောက်ျားနဲ့ သားအပြန်ကို စောင့်နေတဲ့ အမေ့ရဲ့အပြုံးဟာလည်း ပီတိတွေပြည့်နက်လို့နေပါတယ်။ ကျတော့ဘ၀မှာ ပထမဆုံးအကြိမ်နဲ့ ဘယ်လိုမှ မေ့မရတဲ့ အဖေနဲ့ မှိုတိုးခဲ့ရတဲ့ နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အခုဆိုရင်အမေဟာ သားသမီး များစွာနဲ့ မုဆိုးမဘ၀ကိုဖြတ်သန်းခဲ့ရတာ (၁၈)နှစ်တောင်ကျော်ခဲ့ပါပေါ့လား။

အဖေရောက်လေရာဘ၀တိုင်းမှာ ပျော်ရွှင်တဲ့ဘ၀လေးပိုင်ဆိုင်ပါစေ။