အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Monday, June 28, 2010

ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်ပွဲ

ရဟန်း (၇)ပါး၊ ကိုရင်(၄)ပါး၊ သီလရှင် (၈)ပါး ဒင်ဘာမြို့ ရဟန်းခံရှင်ပြု၊ သီလရှင်ဝတ်ပွဲကို ဇွန်လ (၂၇)ရက်နေ့ စနေ နေ့မှာ ဆံချ သိမ်တက် ခြင်းများပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံက ဆရာတော်များ၊ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်တချို့မှ ဆရာတော် သံဃာတော်များမှ ကြွရောက်ချီးမြှင့်ပါသည်။
ဆရာတော် ဘုရားများအား တကာတဒါမများမှ အာဂုဏ်ဆွမ်းဆပ်ကပ်လှူပါသည်။

ရဟန်းလောင်း၊ ကိုရင်လောင်း၊ သီလရှင်လောင်းများနှင့် ဓမ္မပါလကျောင်းရှေ့ အမှတ်တရ
ရှင်လောင်းလှည့်လည်အပြီး အောင်မြင်သည်အထိမ်းအမှတ်ဖြစ် ပေါက်ပေါက်နှင့်ပိုက်ဆံကြဲဆင်နွဲကြပါတယ်။
အခုလို ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် စီတန်းလှည့်လည်ပွဲကို ကော်လိုရာဒိုပြည်နယ်ဒင်ဘာမြို့မှာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ရဟန်းလောင်းများတင်ဆောင်ထားသောကား ဖြစ်ပါတယ်။ ရာသီဥတုက မိုးရွာမလို ခြိမ်းခြောက်နေပေမဲ့ ဗုဒ္ဓမြတ်စွာတရား တော်ရဲ့ တန်ခိုးတော်ကြောင့် အောင်မြင်စွာစီတန်းလှည့်လည်နိုင်ခဲ့ပါတယ်။
အခုလို ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် စည်းကမ်းတကျရှိဖို့ ဦးဆောင်စီစဉ်ပေးတာကြောင့်လည်း အောင် မြင်မှု တရပ်ဖြစ်ပါတယ်။


လမ်းဆုံတိုင်းမှာလည်း ရဲဝန်ထမ်းတွေက စောင့်ကြပ်ပေးခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့မှာ ပထမဆုံး အကြိမ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေကြားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

Sunday, June 20, 2010

အဖေ




၁။ ကျတော်ရောက်နေတဲ့ နေရာမှာက ဒီနေ့ကို အဖေများနေ (Father's Day) အဖြစ်သတ်မှတ်ကြပြီး သားသမီး တွေနဲ့ ဇနီးမယား အိမ်သူသက်ထားတွေက အဖေတွေကို အမှတ်တရလက်ဆောင်ပေးခြင်း၊ ထမင်းလက်ဆုံ စားခြင်းစတဲ့ အမှတ်တရပွဲလေးတွေ လုပ်တာတွေ့ရပါတယ်။ ကျတော်လည်း အဖေနဲ့ပတ်သက်တဲ့ အမှတ်ရ လေးတွေကို ရေးချင်လာမိပါတယ်။ အမှန်တိုင်းဝန်ခံရရင် ကျတော်ဟာ အနန္တမေတ္တာရှင်၊ မြင့်မိုရ်တော်ကြီး အဖေရဲ့ပုံဟာ ဘယ်လိုလဲဆိုတာ ကောင်းကောင်း မမှတ်မိနိုင်လောက်အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျ တော် အသက် (၁၂) နှစ်ကျော်မှာအိမ်က ထွက်လာလိုက်တာ အခုထိပါပဲ။



အဖေနဲ့ ပတ်သက်ပြီး ငယ်ဘ၀ အမှတ်တရလေးကို ပြန်စဉ်စားမိတော့

နွေနှောင်းကာလ ညနေပိုင်းလေးမှာ အမေဈေးကပြန်လာပြီး မနက်ဖြန်အုန်းထမင်းလေး စားချင်လိုက်တာလို့ အဖေ့ကိုပြောနေတာ ကျတော်ကြားလိုက်မိပါတယ်။ နောက်နေ့ အမေက ဈေးဆိုင်ထွက်သွားပါတယ်။ စနေနေ့ ဖြစ်တဲ့အတွက် ကျတော်နဲ့ ညီလေး၊ ညီမလေး အဖေတို့ပဲအိမ်မှာ ကျန်ခဲ့ပါတယ်။ အဖေက ပေါ်လာမင်းအမေ အုန်းထမင်းချက်စားချင်တယ်လို့ အဖေ့ကိုမှာထားတယ်။ အပင်ပေါ်မှာ အုန်းသီးခြောက်တွေရှိတယ် တက်ခူးပေး ပါလို့ ခိုင်းပါတယ်။ အုန်းပင်တွေအများစုက တက်လို့လွယ်ကူအောင် အထစ်လေးတွေလုပ်ထားတော့ လွယ်ကူ စွာတက်ခူးနိုင်ပါတယ်။ ကျတော်လည်း မတက်ပေးနိုင်တဲ့အကြောင်းငြင်းလိုက်တာကြောင့် အဖေက ဒါဆိုလည်း မင်းမတတ်ပေးတော့ ငါပဲတတ်မယ်ဆိုပြီး အုန်းပင်ပေါ်ကို တက်ဖို့ပြင်ပါတယ်၊ အမှန်ဆိုရင် အဖေဟာ အုန်းပင် ရဲ့ထိပ်ပိုင်းထိအောင် တတ်ဖို့ မလွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေတော့ အပင်ရဲ့တ၀က်ကိုတက် အုန်း သီးခြောက်တွေကို ၀ါးတုတ်နဲ့ထိုးချဖို့ စဉ်းစားပြီး ၀ါးကိုလည်းအုန်းပင်ဘေးမှာ ကပ်ထောင်ထားပါတယ်။ ကျ တော်လည်း အိမ်ဘေးမှာ ညီမလေးတွေနဲ့ ကစားနေရင်း အဖေက အုန်းပင် အထစ် (၇) ထစ်လောက်အရောက် မှာ ၀ါးလုံးကိုယူပြီး အပင်ပေါ်က အသီးတွေကို ထိုးချနေပါတယ်။ အုန်းသီးနှစ်လုံးလောက်ဟာ ပုံမှန်အတိုင်း ကျ လာပေမဲ့ သုံးလုံးမြောက်မှာတော့ အုန်းသီးဟာ အဖေရဲ့ ခေါင်းတည့်တည့်ကို ကြလာပါတော့တယ်။ အဖေလည်း နာကျင်တဲ့အတွက် တအားအော်လိုက်သလို အုန်းပင်ရဲ့ ပင်စည်ပိုင်းကိုလည်း သတိကြီးစွာနဲ့ ဖတ်ထားပါတယ်။ အဖေ့ရဲ့ အော်သံကိုကြားတာနဲ့ ကျတော်လည်း အုန်းပင်ပေါ်ကိုတက်ပြီး အဖေ့ရဲ့ခြေထောက်လေးကိုကိုင် ပြီးရင် သတိထားဖို့ ဖြည်းဖြည်းချင်းဆင်းဖို့ သတိပေးရပါတယ်။ ကျတော်ကိုယ်တိုင်လည်း အရမ်းကို စိုးရိမ်ထိန့် လန့်သွားပါတယ်။ နောက်ဆို ကျတော်လည်း အဖေက အုန်းသီးစားချင်တယ်ဆိုတာနဲ့ အဆင်သင့်ဖြစ်နေပါ တော့တယ်။ အဲ့ဒီနေ့ညနေ အမေသိပ်စားချင်တဲ့ အုန်းထမင်းတနပ်ကို အဖေဟာ နေ့လည်တုန်းက အုန်းပင် ပေါ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေမေ့ပြီး လက်ဆုံစားနေတဲ့ ပိတိမျက်နှာလေးဟာ ခုထိတော့ ကျတော့အတွက် အ မှတ်ရနေဆဲပါ။


၂။ အဖေက တကယ်တော့ ယမကာကို စွဲစွဲလန်းလန်းကို ကြိုက်တဲ့သူပါ။ ထူးခြားတာက အဖေဟာ ဘယ်တော့ မှ တစ်ယောက်ထဲ မသောက်တတ်သလို သောက်တော့မယ်ဆိုလည်း အဖေါ် အပေါင်းအသင်းလေးနဲ့သောက် ရမှ ကျေနပ်သူပါ။ အစ်မနှစ်ယောက်က အပျိုရွယ်လေးတွေဖြစ်လာတော့ အဖေ အဲ့ဒီလို အဖွဲ့နဲ့ဆိုင်မှာသွား သောက်တာကိုလုံးဝ မကြိုက်ပါဘူး။ သူတို့က အဖေ့ကိုတောင်းဆိုပါတယ် သောက်ချင်တယ်ဆိုရင် အိမ်မှာပဲ သောက်ဖို့နဲ့ အဲ့ဒီအတွက် လိုအပ်တဲ့ ယမကာကို ကျတော့ကို အ၀ယ်တော်အဖြစ်တာဝန်ပေးသလို အမြည်း တွက်လည်းသူတို့က တာဝန်ခွဲယူပါတယ်။ အဖေက အဲ့ဒီအစီစဉ်ကို တပတ်လောက်ပဲခံပြီး နောက်ပိုင်းပုံမှန်ပဲ ဆိုင်မှာ သူ့သူငယ်ချင်းတွေနဲ့ သောက်တဲ့အလုပ်ကို ပြန်လုပ်ပါတယ်။ အားလုံးလဲ လက်လျော့လိုက်ရတဲ့အထိပါ ပဲ။ သူဘယ်လောက်မူးပြီး ပြန်လာပြန်လာ အမေ့ရဲ့ ခိုင်းစေမူစကားကိုတော့ မြေ၀ယ်မကျနားထောင်တာကို ကြည့်ယုံနဲ့ အမေ့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒီလိုနဲ့ မိုးဦးကာလ ညနေလေးမှာ အမေ ဘေးအိမ်က ဦးမောင် မှိုတွေအများကြီးရလာတာတွေ့ပြီး ပါးစပ်ကလည်း မှိုစင်းကောလေး စားချင်လိုက်တာလို့ ငြီးလိုက်ပါတယ်။ အသံကိုလည်း အဖေသတင်းစာဖတ်နေတဲ့ ပလက်ကုလားထိုင်ကနေ ကြားအောင်ပြောလိုက် တာလည်းဖြစ်ပါတယ်။ အဖေက ဘာတစ်ခုမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက်နေ့မနက်စောစော လေးနာရီ ခွဲလောက်မှာ အဖေက သားပေါ်လာထလေကွာ အဖေတို့ရော်ဘာတောထဲသွားရအောင်လို့ နိုးပါတယ်။ ဒီ လောက်အစောကြီး ဘာသွားလုပ်မှာလဲ မထချင်ဘူးလို့ပြောတော့ မင်းအမေညနေတုန်းက မှို စင်းကောစားချင် တယ်လို့ပြောတာ သားမကြားဘူးလားတဲ့။ အမှန်တော့ ကျတော်လည်းကြားလိုက်ပါတယ်။ အဲ့ဒါသားနဲ့ဘာဆိုင် လို့လဲ မေးလိုက်တော့ ဆိုင်တာပေါ့ကွ သားဟာ အဖေ့ရဲ့ ဒီအိမ်မှာ အဓိက လက်တွဲဖေါ်လေးကွာဆိုတဲ့ စကား နဲ့ပဲ ကျတော်လိုက်သွားဖို့ ပြင်ရပါတော့တယ်။ ကျတော်အ၀တ်အစားလဲပြီး အိမ်အောက်ကိုဆင်းတော့ အဖေ က စက်ဘီးထုတ်ထားပြီးသား အဆင်သင့်ဖြစ်နေပြီ။ ကျန်တဲ့မိသားစုတွေကတော့ အိပ်မောကျနေတုန်းပါပဲ။ ရပ် ကွပ်ထိပ်က ဘီးမုန့်ဆိုင်ရှေ့မှာ စက်ဘီးခဏရပ်ပြီး မနက်အဆာပြေအတွက် ဘီးမုန့်တစ်ကျပ်တန် တခုကို သားဖနှစ်ယောက် အဆာပြေစားပြီး၊ တခြားသူတွေ မရောက်ခင် ရော်ဘာတောထဲ ရောက်ဖို့ အဖေစက်ဘီး ကို ခပ်မြန်မြန်လေးနင်းပါတယ်။ ကျတော်တို့ရပ်ကွက်နဲ့ ရော်ဘာတောက နာရီဝက်ကျော်ကျော်လောက် နင်းရပါ တယ်။ စက်ဘီးကို အဆင်ပြေတဲ့နေရာမှာ ထားခဲပြီး သားဖနှစ်ယောက် မှိုရှာထွက်ပါတော့တယ်။ အိမ်က အဆင် သင့်ယူလာတဲ့ ဆွဲခြင်းအနီလေးရယ် အဖေ့ရဲ့ပုဆိုးအဟောင်းလေးကို စလွယ်သိုင်းပြီးတော့ စတိုးပါတယ်။ ခဏ နေတော့ အဖေက သိပ်ဝေးဝေးမသွားပဲ ခပ်နီးနီးပဲခွဲတိုးဖို့ ပြောပါတယ်။ မိုးမလင်းသေးတာကြောင့် ကျတော် လည်း အဖေ့ဘေးနားကပဲ ကပ်လိုက်ပါတယ်။ အဲ့ဒီနေ့က တွေ့လိုက်တဲ့မှိုတွေ၊ ဆွတ်လိုက်ရတဲ့မှိုတွေ ဆွဲခြင်း လည်းပြည့် အဖေ့ပုဆိုးလည်းမဆံ စက်ဘီးလက်ကိုင်မှာလည်း နှစ်ဖက်စလုံးအတွဲလိုက် ဒီလောက်များတဲ့မှိုတွေ အပြန်လမ်းမှာ တွေ့တဲ့သူတွေ တောင်းဝယ်တာတောင် အဖေကမရောင်းပဲ အိမ်ရောက်တော့ မှိုရတဲ့ အဖေ့ရဲ့ ပြုံးချိုချို မျက်နှာနဲ့ သူ့ကိုချစ်ပြီး သူဖြစ်ချင်တာတွေကို အမြဲတမ်းဖြည့်ဆည်းပေးတဲ့ ယောက်ျားနဲ့ သားအပြန်ကို စောင့်နေတဲ့ အမေ့ရဲ့အပြုံးဟာလည်း ပီတိတွေပြည့်နက်လို့နေပါတယ်။ ကျတော့ဘ၀မှာ ပထမဆုံးအကြိမ်နဲ့ ဘယ်လိုမှ မေ့မရတဲ့ အဖေနဲ့ မှိုတိုးခဲ့ရတဲ့ နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အခုဆိုရင်အမေဟာ သားသမီး များစွာနဲ့ မုဆိုးမဘ၀ကိုဖြတ်သန်းခဲ့ရတာ (၁၈)နှစ်တောင်ကျော်ခဲ့ပါပေါ့လား။

အဖေရောက်လေရာဘ၀တိုင်းမှာ ပျော်ရွှင်တဲ့ဘ၀လေးပိုင်ဆိုင်ပါစေ။


Saturday, June 12, 2010

ပရိဘောဂ (တံခါး) အလုပ်ရုံ

အမေရိကန်ရောက်ပြီး စီးပွားရေးကျတဲ့ကဒ်နဲ့ဆုံနေတဲ့အချိန်ဖြစ်တဲ့အတွက် မုန့်ဝေတာမပါပဲ တုတ်ဝေတာပဲ ပါခဲ့တာကြောင့် ခက်ခက်ခဲခဲ နှစ်လမှာ အင်တာဗျူးသုံးကြိမ်လုပ်မှ ရခဲ့တဲ့ အလုပ် ကုမ္မဏီတံ ဆိပ်ဖြစ်ပါတယ်။ အခုလည်း တစ်ခါလူနည်းနည်းလျှော့ တစ်ခါနည်းနည်းလျှော့နဲ့ ကိုယ့်အလှည့် ဘယ်တော့ လာမလည်းလို့ မျက်ခုံးလှုပ်နေရတဲ့ အချိန်ဖြစ်ပါတယ်။ အခုထိ စီးပွားရေးက တက်မလာသေးပါဘူးဗျာ။

ဒီတံခါးတွေကတော့ ပေါလစ်သုတ်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ တံခါးတွေပါပဲ။ ဒီစက်ရုံက ထုတ်တဲ့ တံခါး တွေက အမေရိကန် ဒေါ်လာ (၃၀၀) ကျော်လောက်ကနေ မီခံ တစ်နာရီခွဲတံခါးဆိုရင် ဒေါ်လာ (၃၀၀၀)ကျော်ထိတန်တယ်လို့သိရပါတယ်။

တံခါးတွေကို အချောသတ် အသေးစိတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကော်ပတ်စားခြင်း၊ ဘောင်တတ်ခြင်း၊ ကော်စစ်ခြင်းအပါအ၀င် ရောင်းတန်းအဆင့်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးရတာဖြစ်ပါတယ်။


အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး တံခါးကို အချောသပ်ဖို့အတွက် အခုလို လှည်းပေါ်မှာ တင်ထားတာဖြစ်ပါတယ် တခြားတံခါးတွေကတော့ ဘောင်တွေနဲ့ တခြားလိုအပ်တာတွေအတွက် စက်ပေါ်တင်ဖို့စောင့်နေရတာပါ။
အထူးသဖြင့် ကုမ္မဏီအတွက် လိုအပ်တဲ့ သစ်တွေဖြစ်တဲ့ မဟော်ဂနီ၊ သစ်ကျား၊ သစ်မာ၊ ချယ်ရီ၊ ၀က်သစ်ချ၊ အ ခြားသစ်တွေအကုန်လုံး (Made in China) တံဆိပ်တွေပါပဲဗျာ။ (စဉ်းစားမိပါတယ် မြစ်ဆုံရေကာတာ ဆောက် သစ်တွေလည်းခုတ်ရပီလေ၊ တရုတ်နဲ့လည်းနီးတော့ ဒီခရီးက နီးသလားပေါ့ဗျာ )

Thursday, June 3, 2010

မဲဆောက်မြို့ပိုင်ရုံးတွင် စုရုံးနေကြပုံးးးးးးးးး




၂၀၀၆-ခုနှစ် စက်တင်္ဘာလမှ စတင်ပြီး မဲဆောက်အခြေစိုက် UNHCR လက်မှတ်ကိုင်ဆောင်ထားသူများအားလုံး ဒုက္ခသည်များအားလုံး တ တိယနိုင်ငံကို ထွက်ခွာနိုင်ဖို့အတွက် စခန်းထဲကို မဖြစ်မနေ ၀င်ရမယ်လို အသံတွေထွက်ပေါ်လာချိန်မှာတော့ မဲဆောက်တမြို့လုံးမှာ မိုး နှောင်းလေနဲ့အတူ စခန်းထဲကို ၀င်ရေးမ၀င်ရေး ဆွေးနွေးမှုတွေက ဟိုတစ်စု ဒီတစ်စုနဲ့ ထွက်ပေါ်နေပါတယ်။ မဲဆောက်က UN လက် မှတ်ဆိုတာကလည်း ဟင်းရွက်ရောင်းတဲ့သူကနေ ကျောက်တန်းက သူဌေးတွေဆီ အထိရှိသလို သုံးဘီးနင်းတဲ့သူကနေ ကိုယ်ပိုင်ကား မောင်းတဲ့သူတွေလည်း ကိုင်ဆောင်ထားပြီး၊ အတိုက်အခံထဲကဆိုရင်လည်း ရဲဘော်လေးကနေ ရွေးကောက်ခံ အမတ်အထိပါဝင်နေတာ ကြောင့်လည်း ဒီသတင်းက ပိုပြီးအဓိကကျနေပါတယ်။ ဒါပေမဲ့ ရွေးစရားလမ်းမရှိသလို မသေချာတဲ့လမ်းကို စမ်းတ၀ါးဝါးလျှောက်ဖို့ဆုံး ဖြတ်ပြီး စက်တင်ဘာလ (၁၇) ရက်နေ့မှာ ဒုတိယအသုတ်အနေနဲ့ ထိုင်းအစိုးရရဲ့ အစီစဉ်နဲ့ နို့ဖိုးနဲ့ အုန်းဖျန်စခန်းကိုထွက်ခွာဖို့ မဲ ဆောက်မြို့ပိုင်ရုံးမှာ စုရုံးနေကြတာဖြစ်ပါတယ်းးးးးးးးးးးး