အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Saturday, July 24, 2010

အမှောင်ဆည်းဆာ


အိမ်ရှေ့က ချောင်းရေက မြင်းရိုင်းတစ်ကောင်မာန်ဟုန်ပြင်းစွာ ခုန်ပေါက်ပြေးလွှားနေသလား ထင်ရလောက် အောင် ကြမ်းတမ်းနေတယ်လို့ စိတ်ထဲ အလိုလို ထင်လာမိပါတယ်းးးးး နေ့လည်ကဖြစ်ပျက်ခဲ့တဲ့ မယုံနိုင်စရာ မြန်ဆန်လွန်းတဲ့ အခြေနေတွေကို ထိုင်စဉ်းစားရင်းးးးးမြေးလေးနှစ်ယောက် ထမင်းစားနေတဲ့ ထမင်းဝိုင်းထဲက ငါး ပိရည်၊ တို့စရာနဲ့ ငါးအချဉ်ဟင်းလေးကို ခပ်လှမ်းလှမ်းကနေငေးကြည့်နေရင်းးးး ဒီလိုအချိန်ဆို ကျမတို့ရွာလေး မှာ မြို့ကတက်လာမဲ့စက်လှေ၊ လက်ထိုးလှေ၊ အတက်အဆင်းလူတွေနဲ့ စည်ကားနေမဲ့ အိမ်ရှေ့ချောင်းကမ်းနား လေးဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်လို့းးးးး ထိုင်စဉ်းစားနေတုန်းမှာပဲ သူကြီးကိုဟန်တင်ရဲ့ သမီးကြီးက " ကြီးကြီး ဖေဖေခေါ်နေတယ် အခုချက်ခြင်းလာခဲ့ပါ " ဆိုတဲ့ စကားကြောင့် အတွေးစကိုဖြတ်ပြီး လာခေါ်တဲ့ကလေး မလေးနဲ့ အတူ လိုက်သွားခဲ့ပါတယ်။
ကျမထင်ထားတဲ့အတိုင်းပဲ ရွာသူကြီးရဲ့ အိမ်ပေါ်မှာ အာရ်မီရန်မ် ပုလင်းသုံးလုံးထောင်ပြီး စစ်ကြောင်းမှူး၊ တပ်ခွဲ မှူး၊ ထောက်လှမ်းရေးမှူးဆိုသူတို့ ၀ိုင်းထိုင်သောက်နေတာ တွေ့ရပါတယ်။ ဘယ်လောက်သောက်ထားသလဲဆို တာ သူတို့ရဲ့နီရဲနေတဲ့ မျက်နှာနဲ့ မျက်လုံးတွေက သက်သေထူနေပါတယ်။ စစ်ကြောင်းမှူးလုပ်သူက နေ့လည် ကခင်ဗျားကြီးအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘာငြင်းချင်သေးလဲလို့မေးတော့းးးးဘယ်ငြင်းနိုင်မှာလဲကျမတို့ ရွာက အမဲရောင်ရွာအဖြစ်သတ်မှတ်ခံထားရတဲ့ ရွာလေးးး တောထဲက သူပုန်တွေ၊ နအဖစစ်ကြောင်းတွေ ၀င် ထွက် သွားလာလှူပ်ရှားနေတဲ့ ရွာလေးဖြစ်နေလို့ပါပဲ။

နေ့လည်တုန်းက ကေအန်ယူ(၇)ယောက်နဲ့ ကျောင်းသားတပ်မတော်က ရဲဘော် (၂)ယောက်တို့ မဲဝိုင်ရွာကို တက်ဖို့အတွက် စက်လှေစောင့်နေတုန်း နအဖစစ်ကြောင်းဝင်လာပြီး ရွာထဲမှာရှိတဲ့ ယောက်ျားတွေအကုန်လုံး ဘုန်းကြီးကျောင်းမှာ စုဝေးခိုင်းပြီး ရွာသား၊ သစ်ဖေါင်သမား၊ အားလုံးကို စစ်ဆေးပြီးတဲ့အချိန်မှာ ကေအန်ယူက တစ်ယောက်နဲ့ ကျောင်းသားတပ်ကတစ်ယောက်ကို သူတို့ဖမ်းမိသွားတဲ့အတွက် ကျမကို ညကြီးအချိန်မတော် ခေါ်ယူစစ်ဆေးနေတာလည်းဖြစ်ပါတယ်းးးး ဘာသတင်းမှ မရဘဲနအဖစစ်ကြောင်းက ရွာကိုဝင်ရောက်လာခဲ့ပြီး ရွာထဲမှာ တပ်စု၊တပ်စိတ်လိုက်လည်း အလျှင်အမြန်နေရာချပြီး တစ်ရွာလုံးကိုဝိုင်းထားလိုက်ပါတယ်။ ကျမတို့ရွာ က အိမ်ခြေ (၃၂)လုံးသာရှိတဲ့ ရွာငယ်လေးပါ။ ဘီးလင်းချောင်းဘေးမှာ ရှိတဲ့အတွက် ရောင်းဝယ်ဆက်သွားရေး ကောင်းတဲ့ရွာလေးဖြစ်ပါတယ်းးးးကျမသားကြီးလည်း စစ်သားတွေ စုခိုင်းတဲ့အတွက် ဘုန်းကြီးကျောင်းကိုအသွား ကျမကိုတွေ့တော့ အမေ အိမ်ခန်းထဲမှာ ကိုရှမ်းလေးရှိနေတယ်လို့ လှမ်းသတိပေးသွားပါတယ်းးးကျမလည်းပူထူ ကုန်ပြီး အိမ်ကိုအမြန်ပြန်ရပါတယ်။ အိမ်ကိုရောက်တော့ အခန်းထဲက ရှမ်းလေးဆီကိုသွား မကြောက်ဖို့နဲ့ စိတ် လိုက်မာန်ပါမလုပ်ဖို့ ခဏနေသစ်ကုန်သည်တွေ ပြန်လွတ်လာရင် သူတို့တွေနဲ့အတူ ဆင်းနိုင်အောင် စီစဉ်ပေး မယ်ဆိုတဲ့အကြောင်း သူ့ကိုအေးအေးဆေးဆေး ပြောပြပြီး စိတ်ကိုလည်းတည်ငြိမ်အောင်ထားဖို့ တခုခုထလုပ် လိုက်ရင် တစ်ရွာလုံးကို စစ်ကြောင်းက မီးရှို့သွားမှာဖြစ်တဲ့အတွက် ရှင်းပြရခြင်းဖြစ်ပါတယ်။ တကယ်တော့ ရှမ်း လေးဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျမတို့ရွာနဲ့ အနီးနားကရွာတွေမှာ အရပ်ဝတ်နဲ့ တာဝန်ထမ်းဆောင် နေတဲ့ ကျောင်းသားတပ်က ရဲဘော်လေးပါးးး စစ်ကြောင်းဝင်လာတော့ ဘုန်းကြီးကျောင်းကိုလိုက်မသွားပဲ ကျမ ရဲ့ အိမ်ကအခန်းထဲမှာ ပုန်းနေခဲတာပါ။ နှစ်နာရီလောက်ကြာမှ သားကြီးတို့ ရွားသားတွေကို စစ်ဆေးပြီး အရင် ဆုံးပြန်လွှတ်လာပါတယ်။ နောက်နာရီဝက်လောက်အကြာမှာတော့ သစ်ကုန်သည်တွေ၊ အခြားအရောင်းဝယ်သ မားတွေကို စစ်ကြောင်းမှူးက ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲက ကျမနဲ့ ရင်းနီးတဲ့ သစ်ဖေါင်သမား ကိုတိုးတိုး ကို အကျိုးအကြောင်းရှင်းပြပြီး ရှမ်းလေးကို သစ်ဖေါင်နဲ့ခေါ်သွားဖို့ ပြောရပါတယ်။ တိုးတိုးကလည်း ခေါ်သွားပေး ဖို့ သဘောတူပါတယ်။ ကျမလည်း အိမ်ခန်းထဲက ရှမ်းလေးဆီကိုသွား သစ်ဖေါင်နဲ့လိုက်ဖို့ ရှင်းပြဆွေးနွေးရပါ တယ်။ ဘာကြောင့်လည်းဆိုတော့ သူက စစ်သားတွေကြားကနေ ထွက်သွားရမှာမို့လို့ပါ။ တိုးတိုးတို့ဖေါင်လည်း အဆင်သင့်ဖြစ်ပြီးဆိုတာနဲ့ ကျမလည်း ရှမ်းလေးကိုအိမ်ရှေ့ကနေ ခပ်တည်တည်ကျမနဲ့အတူ ဆင်းခဲ့ဖို့ခေါ်ခဲ့ပါ တယ်။ ရှမ်းလေးကလည်း ပြောထားတဲ့အတိုင်း စစ်သားတွေကြားကနေ ဆင်းခဲ့ပါတယ်။ ရှမ်းလေးပါတဲ့ သစ်ဖေါင် လည်း တဖြည်းဖြည်းနဲ့ ရေအရှိန်ရှိတဲ့ ချောင်းလည်ထဲကိုရောက်တော့မှ ကျမလည်းသက်ပြင်းချနိုင်ပါတော့တယ်၊ သိပ်မကြာလိုက်ပါဘူး သူကြီးသမီးက အ၀တ်လျှော်ဇလုံနဲ့အတူ အိမ်ပေါ်မှာ အမေ့ကိုစောင့်နေတယ်လို့ ကျမကို လာပြောတာနဲ့ ကျမလည်းချက်ချင်းပဲ အိမ်ပေါ်ကိုလိုက်သွားတော့ သူကြီးသမီးက ဇလုံထဲမှာ သေနတ်အတိုတစ် လက်နဲ့ စကားပြောစက်တစ်လုံးကို သူ့အဖေက ကျမအိမ်မှာ ၀ှက်ထားပေးဖို့ လာပေးတဲ့အတွက် ကျမလည်းကြံ ရာမရဖြစ်ပြီး ရှမ်းလေးပုန်းသွားတဲ့ အခန်းထဲက ဆန်ပီပါထဲမှာ သွားဝှက်ထားပြီး သမက်ဖြစ်သူကို အိမ်ရှေ့မှာရှိ တဲ့ ဆန်အိတ်တွေနဲ့ ဆန်ထပ်ဖြည့်ခိုင်းလိုက်ပါတယ်။ သူကြီးသမီးလေးကို သေသေချာချာမေးကြည့်တော့မှ အဲ့ဒီ ပစ္စည်းတွေဟာ ကျောင်းသားတပ်က တပ်ကြပ်ကြီးတစ်ဦးရဲ့ ပစ္စည်းတွေဆိုတာ သိလိုက်ရတယ်။ ကျမလည်း တုန် လှုပ်သွားပေမဲ့ ကျမတို့လို အမဲရောင်နယ်မြေက ရွာတွေမှာနေထိုင်ရတဲ့ သူကြီးကနေရွားသားအားလုံး မကြာခ ဏကြုံနေရတဲ့ လုပ်ရပ်တစ်ခုလိုဖြစ်နေလို့ပါပဲ။ ဟိုဘက်လည်းပေါင်းရ၊ ဒီဘက်ကိုလည်းမျက်နှာမပျက်ရဲ၊ လှေနံ နှစ်ဖက်ကို ချက်ပိုင်ပိုင်နင်းနိုင်မှခေါင်းနဲ့ ခန္ဓာအိုးစားမကွဲမှာ မဟုတ် လို့က တော့ ဘယ်ဘက်ကဖြစ်ဖြစ် ကြက်၊ ငှက်လေးတစ်ကောင်လို ဆွဲသတ်တာကိုခံရနိုင်တယ်းးးး
ဒါနဲ့သူကြီးသမီးပြောပြတာက သူ့ အဖေနဲ့ ကျောင်းသားတပ်မတော်က တပ်ကြပ်ကြီးတို့ စကားပြောနေတုန်း စစ်ကြောင်းက ချက်ချင်းဝင်လာတဲ့အတွက် အဲ့ဒီတပ်ကြပ်ကြီး လဲ သူ့သေနတ်နဲ့စက်ကို အိမ်ခန်းထဲပစ်ထည့်ပြီး အိမ်နောက်ဖေးကနေအဆင်း သူဘယ် လိုမှ ပြေးလို့မလွတ်တော့တဲ့အတွက် အခု ဘုန်း ကြီးကျောင်းဝင်းထဲမှာ နေက်ဆုံးအစစ်ခံနေတဲ့အဖွဲ့ထဲမှာ ပါနေကြောင်းပြောပြတော့ ကျမ အရမ်းကိုကြောက်သွားမိတယ်းးးးးးတကယ်လို့ များမလိုတဲ့သူက ဖေါ်လိုက်လို့ဖြစ်စေ၊ စစ်ဆေးလို့ အတိအကျသိသွားရင်ဖြစ်စေ ကျမတို့ရွာအတွက် အရမ်းကို စိုးရိမ်ရပါတယ်းးးးးး
စစ်ကြောင်းက စစ်ဆေးလို့ပေါ်သွားရင် ကျမတို့ရွာကို သူပုန်လက်ခံမှုနဲ့ အမျိုးမျိုးအကြောင်းပြ ပြဿနာရှာတော့မှာဖြစ်သလို ကျမ တို့လိုရွာထဲမှာ တာဝန်ရှိသူတွေကို အရေးယူတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာနေလို့ပါပဲ။ သူကြီးသမီးက အကြောင်းစုံကို ပြောပြပြီး အိမ်ပြန်သွားပါတော့တယ်။ ကျမလည်းဘယ်လို့မှ ကြံလိုမရတဲ့အဆုံး အိမ်ရှေ့က ဘုရားကျောင်းဆောင်ရှေ့မှာ ဒေါ်ဒေါ်ကျော့ နဲ့ အတူထိုင်ပြီး မသောက်ချင်သောက်ချင် ရေနွေးကြမ်း တစ်ခွက်ကိုငှဲ့ပြီးသောက်ဖို့ ပြင်နေတုန်း။ အိမ်ဘက်ကို စစ်သားခြောက်ယောက် ပြေးဆင်းလာတာတွေ့လိုက်ရပါတယ်။ ကျမနဲ့ ဒေါ်ဒေါ်ကျော့လည်း ဟန်မပျက်ထိုင်နေပါတယ်။ အဲ့ဒီအထဲက တပ်ကြပ်လုပ်သူစစ်သား တစ်ယောက်က သေနတ်နဲ့ စကားပြောစက်ထုတ်ပေးဖို့ စစ်ကြောင်းမှူး လွတ်လိုက်တဲ့အကြောင်းပြောပါတယ်။ ကျမလည်းဘာသေနတ်၊ စက်မှ မရှိဘူးမယုံရင် တစ်အိမ်လုံးကို စိတ်ကြိုက်ရှာနိုင်တယ်လို့ ခပ်တည်တည်နဲ့ ပြန်ပြောလိုက်ပါတယ်။ စစ်သားလည်းမကျေနပ်တဲ့ပုံနဲ့ သူကြီးအိမ်ကိုပြန်တတ်သွားပါတယ်။ ခဏကြာတော့ စစ်ကြောင်းမှူး၊ အရာရှိတွေရောက်လာပြီး သေနတ်နဲ့စက်ကိုထပ်မေးပါတယ်းးးးး
ကျမလည်းမရှိဘူးဆိုတဲ့အကြောင်း ထပ်ငြင်းပါတယ်။ စစ်ကြောင်းမှူးလုပ်သူက တပ်ကြပ်တစ်ယောက်ကို ရွာသူကြီးကို သွားခေါ်ဖို့ ဆိုပြီး ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ ရွာသူကြီးနဲ့ တပ်ကြပ်ပြန်ဆင်းလာတော့ ရွာသူကြီးမျက်နှာမကောင်းတာကို ကျမတွေ့လိုက်ရ တော့ ရိပ်မိသွားပါတယ်။ ဒါပေမဲ့ ကျမနဲ့ ရွာသူကြီးကြား ဖြစ်ခဲ့တဲ့အခြေအနေတွေကို ဘာမှ မသိလိုက်ခင်မှာပဲ။ စစ်ကြောင်းမှူးက ရွာသူ ကြီးကို ခင်ဗျားဝှက်ထားတဲ့ သေနတ်နဲ့စက် ဘယ်မှာလဲလို့မေးတော့မှ သူကြီးက ကျမဘက်လှည့်ပြီး ကျတော့သမီးလာပို့သွားတဲ့ ပစ္စည်း တွေ ထုတ်ပေးလိုက်ပါတော့လို့ ပြောမှ ကျမလည်း သဘောပေါက်သွားပါတယ်းးးးးစစ်ကြောင်းမှူးက အဘွားကြီးဘာငြင်းချင်သေးလဲ ခင်ဗျား တို့ကာကွယ်ပေးပေမဲ့ သူ့သခင်ကိုယ်တိုင်က ထွက်ချက်ပေးထားပြီးပြီ ဘယ်မှာလဲလို့မေးတော့ ကျမလည်း အိမ်ခန်းထဲက ဆန်ပီပါထဲမှာ လို့ ပြောလိုက်တဲ့အခါ ရဲဘော်ငါးယောက်လောက်က အခန်းထဲကိုပြေး ၀င်သွားပြီး ဆန်တွေကို သွန်ချပြီး သေနတ်နဲ့ စက်ကိုတွေ့သွားပါ တယ်။ တခန်းလုံးကို ပိုက်စိတ်တိုက်ရှာတော့ ရှမ်းလေးရဲ့ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေပါတွေ့သွားပါတယ်။ ဘေးနားမှာ လိုက်ဝိုင်းကူ နေတဲ့ ကျမရဲ့သမက်ကိုလည်း လိမ်တဲ့အထဲမှာ မင်းလည်းပါတယ်ဆို ပြီး လက်သီးနဲ့ ၀ိုင်းထိုးလိုက်တာ လေးငါးရက်တောင် ထမင်းမစား နိုင်ခံစားလိုက်ရပါတယ်းးးးး
စစ်ကြောင်းက ခရီးဆက်မထွက်ပဲ ကျမတို့ရွာမှာ တည်းမယ်လို့ စစ်ကြောင်းမှူးက ပြောတာကြောင့် ကျမလည်း အမြဲ စစ်ကြောင်း တွေလာတိုင်း လုပ်ပေးနေရတဲ့ ပုံစံအတိုင်း ညနေပိုင်းအရက်မြည်းဖို့ အတွက်နဲ့ အရာရှိတွေစားဖို့ ရွာထဲက ကြက်၊ အိမ်မှာမွေးထား တဲ့ ဘဲနှစ်ကောင်ကို ညစာအမှီချက်ဖို့ ပြင်ဆင်ပေးရပါတယ်။ အရက်မှုးနေတဲ့ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး၊ ထောက်လှမ်းရေးမှူးဆိုသူတွေ က ကျမကို သူပုန်အားပေး၊ သူပုန်အမာခံ စတဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီး ရိုင်းပြစွာဆက်ဆံနေတာကို မျက်နှာငယ်လေးနဲ့ ကြည့် နေတဲ့ ကျမတို့ ဥက္ကဌရဲ့ စိတ်မကောင်းတဲ့ မျက်နှာကလည်း ပေါ်လွင်နေပါတယ်းးးးးအားလုံးထဲမှာတော့ စရိုက်အကြမ်းဆုံး၊ အရိုင်းစိုင်း ဆုံးကတော့ ထောက်လှမ်းရေးမှူးဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့ရဲမျက်နှာက ခရမ်းချဉ်သီး အမှည့်လောက်ကို နီနေပြီး ကြမ်းတမ်းရက်စက်မဲ့ပုံစံ အပြည့်နဲ့ ခါးမှာလည်း သေနတ်အတိုကိုချိတ်ပြီး အခုလိုအချိန်မှာ ဘယ်အရာကိုမဆို သူမလုပ်ရဲတာမရှိဘူးဆိုတဲ့အကြောင်းကို သူ့မျက် နှာက သက်သေပြနေပါတယ်းးးး သူက အဘွားကြီး ခင်ဗျားခဏနေအုံးမေးစရာရှိသေးတယ်းးးးး
နေ့လည်တုန်းက ခင်ဗျားအိမ်ပေါ်ကနေ သူပုန်တစ်ယောက်လွတ်သွား တာခင်ဗျားဘာငြင်းချင်သေးလဲ ဆိုပြီးစ ပြောလာပါတယ်။ ခင်ဗျားကို ဒီလိုမေးလို့ရမှာ မဟုတ်ဘူး။ ခင်ဗျားကျုပ်နောက်လိုက်ခဲ့လို့ခေါ်တာ ကြောင့် ကျမလည်းကြောက်ကြေက်နဲ့ ဘာမေးစရာရှိလို့ လည်း မေးစရာရှိလည်း အားလုံးရဲ့ရှေ့မှာပဲ မေးပါလို့ ပြန်ပြောလိုက်ပါတယ်။ လူစိတ်ကင်းမဲ့နေတဲ့ ထောက်လှမ်းရေးမှူးဆိုတဲ့ သူရဲ၊ ဘီးလူးကြီးက အားလုံးရှေ့မှာ မေးလို့မရဘူး ကျုပ်တစ်ယောက်ထဲပဲ ခင်ဗျားကို မေးမယ်ဆိုပြီး ပြောပြောဆိုဆို ကျမရဲ့လက်ကို အတင်း ဆွဲခေါ်တာကြောင့် ကျမလည်း ပြဿနာထပ်မဖြစ်ချင်တာရယ်၊ ဥက္ကဌမျက်နှာထပ် မပျက်စေချင် တာကြောင့်၊ ပိုဆိုးတာက ရွာထဲက အပစ်မဲ့သူတွေကို ပြဿနာထပ်မရှာစေချင်တာကြောင့် ကျမဘာမှ ထပ်မပြောပဲ သီးခံနေပါတယ်းးးးးသူက ကျမကိုအတင်းဥက္ကဌ အိပ် ခန်းထဲကို ဆွဲခေါ်သွားပါတယ်။ ကျမလည်း ဘယ်လိုမှ မရုန်းနိုင်ပဲ တရွတ်ထိုးပါသွားပါတယ်။ ရွာလူ ကြီးလည်း မျက်နှာငယ်လေးနဲ့ ကြည့် နေသလို စစ်ကြောင်းမှူးနဲ့ တပ်ခွဲမှူးတွေကလည်းဘာမှ ၀င်မပြောကြပါဘူး။ အခန်းထဲရောက်သွား တော့ အခန်းထဲမှာ နှစ်ယောက်အိပ် ကုတင်တစ်လုံးနဲ့ ပစ္စည်းအနည်းငယ်သာရှိပါတယ်။ ကျမကို ကုတင်ပေါ်ထိုင်ခိုင်းပြီး --- ကဲ အဘွား ကြီး ခင်ဗျားကြီးဘာပြောချင်သေလဲ၊ ဘာညာချင်သေးလဲ အားလုံးက ခင်ဗျားအိမ်မှာ လက်ပူးလက်ကျမိခဲ့တာ ပဲလေ--- လို့ပြောဆိုပြီး ကျမ ကိုယ်ကိုသူသိမ်းကျုံးဖတ်ပြီးတော့ တဏှာရာဂ စိတ်ပြည့်လျံနေတဲ့ သူရဲ့မျက်လုံးက ကျမရဲ့တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြား သွားစေပါတယ်။ ကျမလည်း လက်အုပ် လေးချီပြီး အမျိုးမျိုးတောင်းပန် ပြောဆိုပေမဲ့ မျက်ရည်တွေသာ ထိန်းမရအောင်ကျလာတယ် သူ့ ရဲ့ ရာဂ စိတ်က လျော့မသွားတဲ့အပြင် ကျမကိုယ်လုံးက အင်္ကျီတွေကိုလည်း အတင်းဆွဲချွတ်ပြီး သူ့ရဲ့ယောင်္ကျားလိင်တံကို ကိုင်ခိုင်းပြီး ပါးစပ်ကလည်း မဟုတ်တရားတွေကို တရစပ်ပြောဆိုနေပါတယ်းးးးးကျမတို့ အခုလို အခန်းတွင်း မှာဖြစ်နေတာတွေကို အခန်းပြင်စားပွဲ ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ စစ် ကြောင်းမှူးနဲ့ တပ်ခွဲမှူးဆို သူတွေ၊ ဥက္ကဌပါသိပါတယ်။ သူတို့တွေ တစ်ယောက်မှ လာမတား ကြပါဘူး။ ဥက္ကဌကတော့ ပြောဆိုပိုင်ခွင့် ကိုမရှိတာပါ။ ကျမ နောက်နေ့ ဘယ်လိုမျက်နှာနဲ့ ရွာထဲမှာ ပြရမလဲဆိုတာ စဉ်းစားလို့ မရနိုင်အောင်ပါပဲ။ ဘယ်လိုမှ တောင်းပန်လို့ မရပါဘူး။ ကျမတစ်သက်မှာ အခု လောက်မျက်ရည်မကျခဲ့ဘူးပါဘူး။ အခုလောက်လည်း မကြောက်ခဲ့ပါဘူး။ လူစိတ်ကင်းနေပြီး ရာဂစိတ် တွေလွန်ကဲနေတဲ့ သူ့ရဲ့ယောင်္ကျား အားကို ကျမ မတွန်းလှန်နိုင်ခဲ့ပါဘူး။ ကျမလည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဗိုလ်ကြီးကြိုက်သလိုလုပ်ပါ။ ဗိုလ်ကြီးဟာ ကျမ သားအကြီးဆုံးထက် ငယ်ပါတယ်လို့မျက်ရည်ကြားကနေပြောလိုက်တော့မှ အသိစိတ်ပြန်ဝင်လာပြီး မကျေနပ် စိတ်နဲ့ ကျမကို ခင်ဗျားးးးဗျားးးလို့ အကျယ်ကြီးအော်ပြီး အခန်းအပြင်ကိုထွက်သွားပါတော့တယ်းးးး ကျမလည်း ရှက်ရှက်နဲ့ အင်္ကျီတွေ တောင်မယူနိုင်ပဲ ထမီးကိုရင်ရှားပြီးတော့ အပြေးတပိုင်းနဲ့ အိမ်ပေါ်က ဆင်းလာ ပါတော့တယ်။ ရွာလမ်းလေးကတော့ အမှောင်အတိနဲ့ တိတ်ဆိတ်လို့နေပါတယ်။ ကျမရဲ့ဘ၀ မြေးလေးယောက် အဖွားဖြစ်နေပေမဲ့ ဒီလိုအဖြစ်မျိုးမကြုံဖူးတာကြောင့် ကြောက်စိတ်တွေနဲ့အတူ အိမ်ပြန် ရောက်တော့ မအိပ်နိုင်ပဲ မျက်ရည်တွေကျပြီး ရင်နင့်အောင်ခံစားခဲ့ရပါတယ်။ နောင်ဒီ လိုအဖြစ်မျိုးဘယ် တော့မှ မကြုံပါရစေ နဲ့လို့လည်းဘုရားမှာ ဆုတောင်းမိပါတော့တယ်။ ကျမတို့ရဲ့ ရွာလေးမှာ လူဖြစ်ရတာကိုက စနစ် ကြောင့်လား၊ လူတွေကြောင့်လား၊ ကံကြမ္မာ ကြောင့်လားဆိုတဲ့ လားပေါင်းများစွာရဲ့ မေးခွန်းကို ကျမတစ်သက် အဖြေမှ ထုတ်နိုင်ပါ့မလား လို့စဉ်းစားရင်းးးးးးးးးးးးးးးးးးးး



No comments:

Post a Comment