အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Sunday, August 8, 2010

နို့ဖိုးဒုက္ခသည်စခန်းမှ ဘန်ကောက်လေဆိပ်သို့

ဇူလိုင်လဆန်းရဲ့ တခုတည်းသော ညနေလေးမှာ နို့ဖိုးဒုက္ခသည်စခန်းက လူတချို့ အမျိုးမျိုးသော်မျှော်လင့်ချက်တွေနဲ့ မနက်ဖြန် ဇူလိုင်လ (၃)ရက်နေ့မှာ တတိယနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဆိုတဲ့ တိုင်းပြည်ဆီကိုထွက်ခွာဖို့ အဆင်သင့် မျှော်လင့် စောင့်စားလျှက်ရှိနေကြပါတယ်းးးးးးးးးးးးးးး
မနက်စောစော အိပ်ယာ နိုးနိုင်ဖို့အတွက် ညထဲက လိုအပ်တာတွေပြင်ဆင်ရင်း နို့ဖိုးဆိုတဲ့ ဒုက္ခသည်စခန်းလေးရယ် မိမိရဲ့ တစ် နှစ်ခွဲတာကာလအထိ အပူအအေးဒါဏ်အားလုံးကို ကာကွယ်ပေးခဲ့တဲ့ သစ္စာအပြည့်နဲ့ အင်ဖက်မိုးအိမ်သေးသေးလေးရယ်၊ ထွက်အား ကောင်းလှတဲ့ ဗူးစင်လေးရယ် သံယောဇဉ်တွေအပြည့်နဲ့ ဒုက္ခသည်ဘ၀မှာ ဆိုးတူကောင်းဘက် လက်တွဲဆုံခဲ့ရတဲ့ သူငယ်ချင်းတွေကို နှတ်ဆက်ရတော့မယ်ဆိုတဲ့ အသိက ရင်ထဲမှာ လွမ်းဆွတ်သလိုခံစားမိလာသလိုးးးးးးးးးးးးးးတဖက်မှာလည်း အနာဂါတ်မျှော်လင့်ချက် အတ္တတွေအတွက် ရှင်သန်ရအုံးမယ်ဆိုတဲ့ လောဘနဲ့ လောကပါလတရားကို မျှတစွာခံစားရင်းးးးးးးးးးးးးးး
မနက်အာဂုဏ်မိုးသောက်လို့ အလင်းတန်းတွေ ရောက်လာတဲ့အချိန်မှာတော့ ရပ်ကွက်ထဲက လိုက်ပို့နှုတ်ဆက်ဖို့နဲ့ မများလှတဲ့ ဒုက္ခသည်ဆိုတဲ့ ပိုင်ဆိုင်မှုပစ္စည်းထုတ်လေးတွေကို ၀ိုင်းထမ်းဖို့ ကလေးတွေရောက်လာကြပါတယ်။ တကယ်သွားရမယ်ဆိုတာ သိလိုက် ရတဲ့ အချိန်မှာ ပြာမှိုင်းနေတဲ့ ထိုင်းမြန်မာနယ်စပ်က တောင်တန်းတွေပေါ်မှာတော့ မြူခိုးတွေဖုံးလွမ်းပြီး စိမ်းလန်းလှပခြင်းများစွာနဲ့ ရှု့ မောလို့မ၀နိုင်တဲ့ မြင်ကွင်းတွေက အပြည့်းးးးးးးးးးးးးးးး
ကားဂိတ်မှာ မိမိတို့လိုပဲ နို့ဖိုးဒုက္ခသည်စခန်းလေးကို နှုတ်ဆက်ထွက်ခွာတော့မဲ့ တိုင်းရင်းသားညီအကိုတွေနဲ့ မူဆလင်ဘာသာဝင် ညီကိုမောင်နှမတွေ လည်း မျက်ရည်ဝေနေပြီး ထွက်ခွာမဲ့သူ၊ ကျန်ခဲ့မဲ့သူတွေကြားက မျက်ရည်မိုးတွေကတော့ ဇူလိုင်မိုးနဲ့အတူ ပြည့် လျှံ လို့နေပါ တယ်းးးးးးးးးးးးး
အားလုံးကို နှုတ်ဆက်ပြီး မနက် ၉-နာရီ ၁၅-မိနစ်မှာတော့ လူ(၁၀၀)ကျော်ဟာ ကားပြာကြီး (၇)စီးနဲ့ မဲဆောက်မြို့ကနိုင်ငံခြားထွက် ခွာဖို့ ဒုက္ခသည်တွေကို ထားတဲ့အဆောင်ဆီကို ဦးတည်ထွက်ခွာလာခဲ့ပါတော့တယ်။ အဲ့ဒီအဆောက်အဦးက မိမိတို့နဲ့မစိမ်းပါဘူး။ DHS ဖြေတုန်းက ရောက်ဖူးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ မဲဆောက်မြို့ပြင် မယ်ပနဲ့ ဟွေးကလုပ်ရွာကြားက ကားလမ်းဘေးက စက်ရုံအ ဟောင်းကြီးထဲမှာဖြစ်ပါတယ်းးးးးးးးးးးးးး
နို့ဖိုး၊ မဲဆောက်လမ်းဆိုတာ မကြာခဏသွားလာဖူးပေမဲ့ မတူတာ အမှန်ပါ။ ဒီတစ်ခေါက်က အားလုံးကို နှုတ်ဆက်ပြီးထွက်လာခဲ့သလို နောင်ဘယ်လောက်ကြာမှ ဒီနေရာက ရာသီဥတုနဲ့ သဘာဝအလှတွေကို ပြန်ဆုံနိုင်မလဲဆိုတာ မသိနိုင်တဲ့ အခြေအနေကြောင့်ပါပဲ။ စိမ်း ပြာပြာတောင်တန်းတွေပေါ်ကနေ ကားလမ်းလေးအတိုင်းဖြတ်လာပြီး မလှမ်းမကမ်းက တောင်ယာခင်းတွေ၊ ပြောင်းခင်းတွေ ကျော်လာ တော့ တထောက်နားထမင်းစားရန်အတွက် အုန်းဖျန်ဒုက္ခသည်စခန်းကို ရောက်ပါတော့တယ်းးးးးးးးးးးးးး
ဒီတစ်ခါ ထမင်းထုတ်ဝေသူတွေက ခါတိုင်းနဲ့မတူပဲ ရွှင်ပြနေတာ အမှန်ပါ။ မင်းတို့အားလုံး ဒီဒုက္ခတွေဆီကနေ လွတ်ပြီဖြစ်တဲ့အ တွက် တို့လည်းထပ်တူဝမ်းသာပါတယ်ဆိုတဲ့ မျက်လုံးလေးတွေက ထုတ်မပြောကြပေမဲ့ ထင်ဟပ်နေပါတယ်။ တချို့မိသားစုတွေက ဝေတဲ့ ထမင်းဘူးလေးတွေကိုမယူပဲ ကြိုတင်ဆက်သွယ်ထားတဲ့ အုန်းဖျန်းစခန်းက မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေယူလာတဲ့ ငါးဆင့်ချိုင့်ထဲ က ဆီပြန်ဟင်းတွေကို လက်ဆုံစားကြရင်း ဟိုရောက်ရင် အခြေအနေတွေနဲ့ လမ်းခရီးကအကြောင်းတွေဖုန်းဆက်ပြောပြဖို့၊ ဘယ်ပြည် နယ်မှာ ဘယ်သူတွေရှိတယ်၊ ဘယ်လိုဆက်သွယ်ပေးပါ စတဲ့ စကားသံတွေနဲ့ စည်ကားနေပါတယ်။ ထမင်းစားဖို့ လုံလောက်တဲ့ အချိန် ပြည့်တာနဲ့ ထိုင်းကားသမားတွေက ကားပေါ်ကိုတက်ဖို့နဲ့ ခရီးစထွက်ဖို့ပြောလာတဲ့အတွက် အားလုံးကားပေါ်တက်ပြီး ဆက်လက်ထွက် ခွာလာပါတော့တယ်။
ညနေပိုင်းမှာတော့ မဲဆောက်မြို့ မယ်ပကျေးရွာရှိ ဒုက္ခသည်တွေထားတဲ့ ဂေဟာဆီကို ရောက်ရှိလာပါတော့တယ်။ သောကြာနေ့ဖြစ် တဲ့အတွက် မိမိတို့ထွက်ခွာရမဲ့ရက် ဇူလိုင်(၇)ရက်နေ့ကို စောင့်ရပါတယ်။ မဲဆောက်ဂေဟာကြီးမှာ နေရတဲ့ရက်ပိုင်းအတွက် ၀မ်းနဲ့ ပတ် သတ်တဲ့ ရောဂါမဖြစ်အောင် ဆေးတစ်လုံးတိုက်ပါသေးတယ်။ နောက်ဆုံးနေထိလည်း ၀မ်းနဲ့ပတ်သက်တဲ့ရောဂါ အကြောင်းတွေလည်း စစ်ဆေးပါသေးတယ်။ လေယာဉ်နဲ့သွားရင် ခရီးသည်တွေကြားမှာ ကြည့်လို့ အဆင်ပြေအောင် IOM ကစီစဉ်ပေးတဲ့ အင်္ကျီတစ်ထည် (အ နွေးထည်)နဲ့ ဂိုးစတားလို့ခေါ်တဲ့ ကင်းဘတ် တစ်ရံထုတ်ပေးပါတယ်းးးးးးးးးးးး
မဲဆောက်မြို့ကနေ မထွက်ခွာခင်တစ်ရက်အလိုမှာတော့ အမေရိကန်ရောက်ရင် အလုပ်ရတာနဲ့ မိမိတို့စီးခဲ့တဲ့လေယာဉ်ခကို ပြန်ဆပ် ပါ့မယ်ဆိုတဲ့ ၀န်ခံကတိစာရွက်အ၀ါလေးမှာ လက်မှတ်ထိုးရပါတော့တယ်။ လူကြီးတစ်ယောက်ကို အမေရိကန်ဒေါ်လာ (၁၀၃၀) နှုန်းနဲ့ အဲ့ဒီအချိန်က စလို့ ဒေါ်လာတောင်မမြင်ဘူးတဲ့ ဒုက္ခသည်တွေဟာ မရောက်သေးတဲ့ အမေရီးကားဆိုတဲ့ တိုင်းပြည်ကြီးဆီကနေ အကြွေးစ တင်ပါတော့တယ်။ အဲ့ဒီစာရွက်အ၀ါလေးပေါ်မှာလည်း ကိုယ်စီးရမဲ့ လေယာဉ်လိုင်း၊ ကိုယ်သွားရမဲ့ပြည်နယ်နဲ့မြို့တွေကို ရေးထားပေးပါ တယ်းးးးးးး
ဇူလိုင်လ(၇)ရက် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဦးနေ၀င်း စစ်အစိုးရလက်ထက် ၁၉၆၂-ခုနှစ် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက် အဆောက်အဦးကို ဖြိုခွဲခဲ့တဲ့အတွက် ကျောင်းသားရာပေါင်းများစွာ သွေးမြေကြခဲ့တဲ့ ရက်ပေါ့။ သူလည်း သမိုင်းနိဂုံးမလှခဲ့ပါဘူး။ မနက် စောစော ဘန်ကောက်မြို့ကိုထွက်ခွာရတော့မယ်ဆိုတဲ့ အသိကြောင့် နို့ဖိုးကထွက်လာတဲ့ ရင်ထဲခံစားမှုမျိုးနဲ့ပဲစောင့်နေခဲ့ပါတယ်။ ပုံမှန် တစ်နေ့သုံးကြိမ်ကျွေးတဲ့ ထမင်းအစီအစဉ်လည်း ဘယ်ရောက်သွားလဲမသိတော့ပါဘူး။ အဲ့ဒီအချိန်ကစပြီး တန်းစီတဲ့စနစ်ကို တွင်ကျယ် စွာကျင့် သုံးပါတော့တယ်။ မိမိတို့ ဒုက္ခသည်တွေလည်း တန်းစီတာနဲ့ သိပ်အလေ့အထ မရှိဘူးဆိုပေမဲ့ အစိမ်းကြီးတော့ မဟုတ်ပါဘူးးးး
ဘာကြောင့်လဲဆိုတော့ စခန်းထဲမှာ ရိက္ခာငါးမျိုးဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငြုပ်သီး ထုတ်တဲ့အချိန်နဲ့ (ပလာ)လို့ခေါ်တဲ့ စခန်းအုပ် ချုပ်ရေးမှူး ထိုင်းအာဏာပိုင်တို့ လူတွေစစ်ဆေးတဲ့အခါတွေမှာ တန်းစီရတာ တို့ အခုရောက်နေတဲ့ အဆောင်က ထမင်းစားချိန်ဆို တန်း စီရတာတွေရဲ့ ကျေးဇူးကြောင့် ပဲလို့ပြောရတော့မယ် ထင်ပါတယ်။ မနက် ၇-နာရီထိုးတော့ IOM အရာရှိ တွေရောက်လာပါတော့တယ်။ ခရီး ထွက်ဖို့ လွန်ခဲ့တဲ့ သုံးရက်လောက်က ကျန်းမာရေးဆေးစစ်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို ထပ်စစ်ဆေးပါတယ်းးးးးး
အဓိကတော့ ၀မ်းနဲ့ပတ်သက်တဲ့ရောဂါကိုပဲ မေးမြန်းပါတယ်။ အရာရှိလေးယောက်က တန်းစီခိုင်းပြီး မိသားစု NI နံပါတ်ရယ်၊ TH နံ ပါတ်ရယ်ကို စတင်စစ်ဆေးပါတယ်။ အဲ့ဒီအချိန်မှာပဲ ကားလမ်းမှာ အဲ့ယား ဘက်(စ်) နှစ်ထပ်ကားကြီးတွေက စက်နှိုးပြီး အသင့်စောင့်နေပါ တယ်။ ကားကိုလှမ်းမြင်နေရတဲ့ ဒုက္ခသည် အားလုံးရဲ့ မျက်နှာမှာတော့ ပျော်ရွှင်မှုပီတိတွေအပြည့်နဲ့ လေယာဉ်ခအကြွေးကိုတောင် မေ့ သွားသလားထင်ရလောက်အောင်ကို မြင်နေရပါတယ်။ အားလုံးစစ်ဆေးပြီးတဲ့အချိန်မှာ အရမ်းကိုအရေးကြီးတဲ့ IOM လက်ဆွဲအိတ်ကို မိ သားစုရဲ့ အိမ်ထောင်ဦးစီး လက်ကိုအပ်လိုက်ပါတယ်းးးးးး
အိတ်ထဲမှာ တကယ့်ဒုက္ခသည်ဖြစ်ကြောင်း ထောက်ခံစာ၊ ဒုက္ခသည်စခန်းက ဆေးစစ်ချက်၊ ထိုင်းနိုင်ငံက ဆေးရုံဆေးစစ်ချက်၊ IOM တံဆိပ်ကြီးနဲ့ အိတ်အဖြူကိုပေးပြီး လုံးဝမဖွင့်ဖို့နဲ့ ရောက်လေရာ တိုင်းပြည် လေဆိပ်တွေမှာ လူမြင်အောင်ဆွဲထားဖို့ကိုလည်း ရှင်းပြပါ တယ်။ တန်းစီပြီး ကားတစ်စီးကို ၂၇-ယောက်နှုန်းနဲ့ မိုးရွာထဲမှာ အလှည့်ကျ တက်ရပါတယ်။ မိမိတို့ကားအမှတ်(၂)မှာတော့ လူကြီး ထက် ကလေးဦးရေက ပိုများပါတယ်။ ဇူလိုင်လ မိနက် ၈း၄၅ မှာစထွက်ပြီး ကားတစ်စီးမှာ စခန်းထဲက အော်စော်လို့ခေါ်တဲ့ လုံခြုံရေး တစ်ယောက်စီလိုက်ပေးကြပါတယ်းးးးးး
လုံခြုံရေးလိုက်ပေးတဲ့ အော်စော်တွေရဲ့တာဝန်က လမ်းစစ်ဆေးရေးဂိတ်တွေမှာ သူတို့စီးလာတဲ့ ကားမှာပါလာတဲ့ လူဦးရေနဲ့ ဘယ် တိုင်းပြည်ကိုထွက်ခွာမဲ့ ဒုက္ခသည်တွေဖြစ်ကြောင်းကို ထိုင်းအစိုးရက တရားဝင်ထုတ်ပေးထားတဲ့ စာရွက်ပြ၊ ပြောပေးရမဲ့တာဝန်နဲ့ လိုက် လာရတာဖြစ်ပါတယ်။ လမ်းမှာ တထောက်နား ထမင်းဆိုင်မှာ ထမင်းစားပြီး ညနေခြောက်နာရီကျော်လောက်မှာတော့ ထိုင်းဝန်ကြီးချုပ် တက်ခ်ဆင်လက်ထက် ထိုင်းဘုရင်ကြီးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တဲ့ နာမည်ကြီး သုဝဏ္ဏဘုံမိလေဆိပ်ကြီးကို ရောက်ပါတော့တယ်။ လေ ဆိပ်အ၀င်အ၀မှာပဲ ကားတွေတန်းစီရပ် အားလုံးဆင်းလူစစ်၊ အသင့်စောင့်နေတဲ့ IOM တာဝန်ခံ ထိုင်းလူမျိုး အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် လေဆိပ် ထဲ ခေါ်သွားပါတော့တယ်းးးးးးးးးးးးးးးးးးးး

No comments:

Post a Comment