အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Monday, December 27, 2010

တချိန်က နို့ဖိုးဒုက္ခသည်စခန်း

တကယ်တော့ နို့ဖိုးဆိုတဲ့ ဒုက္ခသည်စခန်းဟာ မဲဆောက်ကနေတွက်ရင် (၂၂၀) ကီလိုမီတာသာဝေးပေမဲ့ လမ်းပန်းခက်ခဲခြင်း၊ တောင်တွေကွေ့ကောက်ခြင်းတို့ကြောင့် လိုင်းကားနဲ့ဆိုရင် မနက် (၇)နာရီလောက် စထွက်ရင်တောင် ညနေပိုင်း (၃)နာရီလောက်မှ စခန်းကိုရောက်တာပါ။ တစ်နေ့လုံးကားစီးရသလို စိတ်ပန်း လူပန်းပါပဲဗျာ။ ဒုက္ခသည်စခန်းရှိစဉ်တုန်းက အမှတ်တရပွဲလေးတွေက ဓါတ်ပုံလေးတွေပါ။
                                
 မဲဆောက်မြို့ပိုင်ရုံးကနေ နို့ဖိုးဒုက္ခသည်စခန်းကို ထွက်ခွာဖို့ အတွက် ကားနဲ့ ပြင်ဆင်နေကြပုံ။
 မိုးထဲရေထဲမှာ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို အခုလိုရွက်ဖျင်တဲထဲမှာ စုစည်းပြီး စခန်းအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ထိုင်းအာဏာပိုင် (ပလာ)မှ စခန်းမှ အားလုံးကိုကြိုဆိုတဲ့အကြောင်းအပါဝင် စခန်းမှာလိုက်နာရမဲ့ စည်းကမ်းချက်တွေနဲ့ ဥပဒေများကို အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ရှင်းလင်းပြနေခြင်းဖြစ်ပါ တယ်။
 ရောက်ရောက်ခြင်း UNHCR ကစီစဉ်ပေးတဲ့ အိမ်တစ်လုံးကို အနည်းဆုံး လူ(၄) ယောက် စုပြီးနေရတာ ဖြစ်တဲ့အတွက် အခန်းတစ်ခန်းသာပါတဲ့ အိမ်တွေအတွက် အခုလို ရတဲ့နည်းနဲ့ အခန်းကိုချဲ၊ ပြင်ဆင်ခြင်းများ ပြုလုပ်ပြီး အဆင်ပြေသလိုနေရတာလည်းဖြစ်ပါတယ်။ အိမ်တွေက ကြိုဆောက်ထားတာဖြစ်တဲ့အတွက် အ များစုက ပျက်စီးနေတာများပြီး ပြင်ဆင်နေထိုင်ရတာပါတယ်။ ၀ါးနဲ့ လိုအပ်တဲ့ သစ်ကိုတော့ အနီးနားက တော ထဲမှာ အဆင်ပြေသလို ထိုင်းအားဏာပိုင်တွေမသိအောင် သွားခုတ်ယူရပါတယ်။
အခုလိုသီတင်းကျွတ်ပွဲတော်မှာလည်း ကလေးတွေပျော်ရွှင်စေဖို့ လူကြီးတွေက ၀ိုင်းဝန်းစုပေါင်းပြီး သီချင်း တွေအပါအ၀င် အစားအသောက်တွေနဲ့လည်း သူတို့လေးတွေကို ကျေနပ်နှစ်သိမ့်ပေးခဲ့ကြပါတယ်။

 ကလေးတွေဘက်ကလည်း လူကြီးတွေကို အခုလို အကလေးတွေနဲ့ ကပြနေပုံလေးတွေက အနာဂါတ်ကို သူတို့ သေသေချာချာ ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်ချက်တွေ ထင်ဟပ်စေပါတယ်။
အခုလို ခရစ္စမတ်ရာသီမှာလည်း ဒုက္ခသည်စခန်းထဲမှာ မွန်းကြပ်နေတဲ့ စိတ်လေးတွေ ပြေပျောက်နိုင်ဖို့ အ တွက် လူကြီးတွေကို ဘောလုံးပွဲလေးကျင်းပပေးကြသလို
 မျိုးဆက်သစ် လူငယ်လေးတွေဖြစ်ကြမဲ့ ကလေးတွေအတွက်လည်း အားကစားနည်းလေးတွေနဲ့ ဒုက္ခသည် စခန်းရဲ့ ကျတော်တို့ရပ်ကွက် ခရစ္စမတ်ပွဲလေးကို ကျင်းပပေးခဲ့ကြပါတယ်။ ကလေးတွေအားလုံးထဲက မိဘ တချို့က ၈၈-လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး တောခိုကာ (ABSDF) နဲ့ တခြားတော်လှန်ရေးအဖွဲ့ အစည်းတွေမှာ ပါဝင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုက (Hold) ဆိုတဲ့ ဆိုင်းငံ့ခြင်းခံထားရပြီး ဘာမှ မသိနားမလည်သေးတဲ့ အနာဂါတ်မျိုးဆက် ကလေးတွေကလည်း အခုထိ နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်း သည်သာ သူတို့ဘ၀၊ ဒုက္ခသည်စခန်းသည်သာ သူတို့လေးတွေရဲ့ ကမ္ဘာအဖြစ်နဲ့ရှိနေကြတုန်းပါ။ သူတို့ လေးတွေရဲ့ သူငယ်ချင်းတချို့ကတော့ ကံကောင်းထောက်မစွာနဲ့ အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း စုံမှာ သူတို့ရဲ့ ဘ၀လေးတွေကို ဆေးရောင်ချယ်ခွင့်ရနေကြပါတယ်။
ပြိုင်ပွဲမှာ နိုင်သူရော ရှုံးသူကိုပါ ဒုက္ခသည်ဘ၀ရဲ့ တတ်နိုင်တဲ့ မုန့်လေးတွေကို ဆုအဖြစ် သူတို့လေးတွေ ပျော်ရွှင်ဖို့အတွက် လူကြီးမိဘတွေက ပေးဆပ်နေကြတာဖြစ်ပါတယ်။

No comments:

Post a Comment