အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Wednesday, December 29, 2010

ဓမ္မပါလကျောင်း စုပေါင်းဘုံကထိန်ပွဲတော်


 အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန်ကို ၁၁-၂၀-၂၀၁၀ ခုနှစ် စနေနေ့မှာ ကျောင်းတိုင်ဆရာတော် အရှင်စန္ဒိမာဦးဆောင်ပြီး တပည့်တကာ ဒကာမ တွေရဲ့စုပေါင်း ပါဝင်ဆောင်ရွက်မူနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
 ဆရာတော် ဦးဧသက (အဇူဇာကျောင်းဆရာတော်) ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပြီး ကထိန်တရားတော်ကို ဟောကြားပေးခဲ့ပါတယ်။
 ပင့်သံဃာတွေဖြစ်တဲ့ နီဘားစကား ဆရာတော်တစ်ပါး၊ ထိုင်းကျောင်း ဆရာတော် နှစ်ပါးနဲ့ လာအိုကျောင်း ကဆရာတော် နှစ်ပါးကလည်း ကထိန်ပွဲတော်အတွက် ကြွရောက်ချီးမြှင့်ပါတယ်။
 ဧည့်ပရိတ်သတ်တွေကလည်း တိုင်းရင်းသားပေါင်းစုံ ကထိန်ပွဲတော်ကို လာရောက်ဆင်နွဲကြပါတယ်။
 ကထိန်တရားနားကြားနေတဲ့ကြတဲ့ ဧည့်ပရိတ်သတ်များ။
စုစုစည်းစည်းနဲ့ ကထိန်သင်္ကန်ကပ်လှူပြီး ညနေလေးနာရီမှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည် နယ်မှာ တည်ထားကိုးကွယ်တဲ့ ဓမ္မပါလကျောင်းတိုက် စုပေါင်းဘုံကထိန်ပွဲဟာ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ ပါတယ်။

No comments:

Post a Comment