မနက်စောစော လူစုပြီး သင်္ကြန်စင်ဆောက်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။
နှစ်စဉ်ကျင်းပခဲ့တာ (၉)ကြိမ်တိုင်မြောက်အောင် စုစည်းညီညွတ် ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြတဲ့ ကော်လိုရာဒိုပြည် နယ် ဒင်ဗာမြို့က အတာတန်ခူးနှစ်ကူးပွဲ ဓါတ်ပုံတွေဖြစ်ပါတယ်။ ရိုးရာမပျက် သင်္ကြန်အဆိုအကဖြင့် ကော်လိုရာဒို လူငယ်လေးများကလည်း ဖျော်ဖြေကြပါတယ်။
ကော်လိုရာဒို ယိမ်းအဖွဲ့တွေကလည်း အားကျမခံ ဖျော်ဖြေတင်ဆက်မူ
မူလတန်းကျောင်း ကလေးတွေကလည်း သူတို့ တက်တဲ့ ပညာလေးတွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေနေစဉ်
ကော်လိုရာဒိုပြည်နယ်ရောက် ရခိုင်မိသားစုကလည်း ရခိုင်မုန့်တီနဲ့ စတုဒီသာ လှူဒါန်းပါတယ်။
အခုလို ခေတ်ပေါ် တေးဂီတနဲ့လည်းဆင်နွဲကြပါတယ်။
ဧည့်ပရိတ်သတ်များ
တမူထူးတဲ့ တင်ဆက်မှုလေးများလည်း ဒီနှစ်သင်္ကြန်မှာ ပါဝင်လာပါတယ်။
တစ်နှစ်မှ တစ်ခါသာကြုံရတဲ့ အခုလို သင်္ကြန်အခါမျိုးမှာ လူငယ်တွေရဲ့ ထူးကဲတဲ့ အားပေးမှု။
လူကြီးတွေပဲ ပျော်ဖိုထက်ကို ကလေးတွေကိုလည်း သင်္ကြန်ဆိုတဲ့ အနှစ်သာရလေး ပါအောင် အေးနေတဲ့ ကြားက ရေကစားဖို့အတွက် အခုလိုရေကန်လေး လုပ်ပေးထားပါတယ်။
ရိုးရာမပျက်တဲ့ မုန့်လုံးရေပေါ်
တက်တက်ကြွကြွ မုန့်လုံးရေပေါ်ဝိုင်းလုံးကြတဲ့ ကော်လိုရာဒို ပြည်နယ်သားများ
အခုလို နှစ်သစ်မင်္ဂလာကို စုပေါင်းအကဖြင့် အောင်မြင်စွာကျင်းပပြီးစီးသွားပါတယ်။
ပိတောက်တွေမရှိပေမဲ့ ချယ်ရီပန်းတွေပွင့်တဲ့ တိုင်းပြည်မှာ ရောက်နေကြပေမဲ့ ပိတောက်ပန်းနဲ့ ငုပန်းတွေ ကို အားလုံးရင်ထဲမှာ လွမ်းမိမှာသေချာပါတယ်။
No comments:
Post a Comment