အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Saturday, May 21, 2011

ဓမ္မပါလဘုန်းတော်ကြီးကျောင်း ကျောင်းလွှတ်ပူဇော်ပွဲ


2009 ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်တည်ထားကိုးကွယ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့က ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းဟာ အခုဆိုရင် ဒါယိကာ၊ ဒါယိကာမအပေါင်းတို့၏ ကြိုးစား အားထုတ်မှုနဲ့ ကျောင်းသစ်ဖွင့်ပွဲကို လာမဲ့ မေလ ၂၉-ရက်နေ့မှာ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ကျေးဇူးရှင် သီတဂူဆရာတော်ကိုယ်တိုင် ကြွရောက်တရားချီးမြှင့်မည်ဖြစ်သလို နိုင်ငံကျော်အဆိုတော်ကြီး မာမာအေးက လည်း ရတုပေါင်းစုံနဲ့ ပူဇော်ချီးမြှင့်မည် ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေကြပေမဲ့ ကိုယ့်ရဲ့  အမျိုးဘာ သာ-သာသနာကို နောင်လာနောင်သားတွေအတွက် ရည်ရွယ်ချက်ကြီးမားစွာနဲ့ ကျိုးစားအားထုတ်မှုရဲ့ ရ လာဒ်ကောင်းလည်းဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းလည်း သာဓုခေါ်နိုင်ရန်အတွက် ကျောင်းတိုင်ဆရာတော် ဦးစန္ဒိမာ ကိုယ်တိုင်ဦးစီးစီစဉ်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

No comments:

Post a Comment